ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြု

200

 

ရန်ကုန်၊ ​​အောက်တိုဘာ ၅

​COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်၍ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အောက်တိုဘာ ၅ ရက်(ယ​နေ့)မှ နိုဝင်ဘာ ၃၀ ရက်အထိ ကုန်တင်ယာဉ်များအားလုံး သတ်မှတ် ဖြတ်သန်းခ ပေးဆောင်စေကာ ဖြတ်သန်းခွင့်ပြုမည် ဖြစ်​ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ် ဖြတ်သန်းခ ပေးဆောင် စေ၍ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ပြီး ဖြတ်သန်းရာတွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၏ စစ်ဆေးကြီးကြပ်မှုကို လည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

အမြန်လမ်းမကြီး ဖြတ်သန်းသွားလာရာတွင် ကိုယ်ပိုင်ယာဉ်ငယ်များသည် 100 km/h၊ ခရီးသည်တင် Bus ကားများသည် 80 km/h၊ Light Truck ယာဉ်များသည် 60 km/h၊ ကုန်တင်ယာဉ်များသည် 60 km/h စသဖြင့် သတ်မှတ်အမြန်နှုန်းများ​ကြေညာထားပြီး ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များသည် လက်ယာဘက် ယာဉ်ကြောမှသာ မောင်းနှင်ရမည်ဖြစ်​ကြောင်းနှင့် သတ်မှတ်အမြန်နှုန်းထက် ပို၍ မောင်းနှင်ခွင့်မပြု​ကြောင်း အဆိုပါထုတ်ပြန်​ကြေညာချက်တွင် ​ဖော်ပြထားသည်။

ထို့ပြင် Rest Camp များတွင်သာရပ်နားရန်နှင့် လမ်းဘေးတွင် ကြုံသလို ရပ်နား၍ ကျူးကျော်ဆိုင်များ၌ စားသောက်ခြင်း ခွင့်မပြု​ကြောင်း ​​ကြေညာထားပြီး စစ်ဆေးတွေ့ရှိပါက နောက်တစ်ကြိမ် ဖြတ်သန်းခွင့် ပြုမည်မဟုတ်ကြောင်းနှင့် သတ်မှတ်တန်ချိန်ထက် ပို၍ တင်ဆောင်လာပါကလည်း ခွင့်ပြုမည် မဟုတ်​​ကြောင်း ​​ကြေညာထားသည်။

ဆန်းသစ်​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here