ရန်ကုန်လိုင်စင်ရရှိသော ပြည်တွင်းထုတ်ကားများသာ စျေးကွက်ကို ဆက်ပြီးဦးဆောင်နေသည့် နှစ်ဦးကားစျေးကွက်

596
Page(Test)

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရ ၂ဝ၂ဝ ပြည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းမည်ဆိုပါက ၂ဝ၁၇ မိုဒယ်အထက် ဘယ်မောင်းကားများသာ တင်သွင်းရမည် ဖြစ်သည်။ မိုဒယ်သတ်မှတ်ချက်တွေက ထူးထူးခြားခြား ပြောင်းလဲမသွားဘဲ ထုံးစံအတိုင်း ရှေ့ကို တစ်နှစ်စီပဲ ခုန်သွားခြင်းကြောင့် စျေးကွက်အခြေအနေလည်း ပြောင်းလဲသွားဖွယ် မရှိကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။ ယခုနှစ်၏ မိုဒယ်သတ် မှတ်ချက်များမှာ ကားတင်သွင်းခွင့်ကို ရပ်ဆိုင်းလိုက်သည်ဟု ကြေညာခြင်းမျိုး မဟုတ်သော်လည်း ၂ဝ၁၇ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပေးထားခြင်းကြောင့် တင်သွင်းနိုင်သည့်ကားများမှာ ပြီးခဲ့သည့်နှစ်ထက်ပင် ပို၍နည်းသွားမည်ဖြစ်သည်။ မိုဒယ်သတ်မှတ်ချက်ကြောင့် တင်သွင်းရန်ကားရှိခြင်း၊ မရှိခြင်းထက် တင်သွင်းနိုင်မည့်ကားအများစုမှာ တန်ဖိုးများပြားခြင်း၊ အခွန်အခများနှင့် တွက်ချက်ရောင်းချပါကလည်း အမြတ်ရရှိရန် ခက်ခဲခြင်းနှင့် ရန်ကုန်လိုင်စင် ပိတ်ထားခြင်းတို့ကြောင့် ကားတင်သွင်းခွင့်ကို ပိတ်သိမ်းလိုက်သလို ဖြစ်နေသည်။ ရန်ကုန်လိုင်စင် ပိတ်ထားခြင်းကြောင့်လည်း ကားသစ်စျေးကွက်တွင် ပြည်တွင်းထုတ်ကားများမှာ စျေးကွက်ဝေစု ပိုမိုရရှိနေပြီး CBU ဖြင့် တင်သွင်းသောကားများမှာမူ အရောင်းအဝယ်ဖြစ်ရန် ခက်ခဲနေသည်။

‘‘ဒီရက်ပိုင်းမှာ New Year ရုံးပိတ်ရက်တွေရှိတဲ့အတွက် ခရီးသွားတဲ့သူများပါတယ်၊ နယ်အဝယ်လည်း မျှော်မှန်းထားသလို မဆင်းတဲ့အတွက် ကားအရောင်းအဝယ်တွေ အေးနေပါတယ်၊ ဒီအချိန်မှာ အဝယ်အများစုက ရန်ကုန်လိုင်စင်ရရှိပြီး အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ရတဲ့ ပြည်တွင်းထုတ်ကား တွေကို ဦးစားပေးရွေးချယ်တာ ပိုများပါတယ်၊ အဲဒီနောက်မှာ ၁၃ဝဝ စီစီ ရန်ကုန်လိုင်စင်ကားတွေ ရောင်းရတယ်၊ CBU နဲ့ တင်သွင်းတဲ့ Brand New တွေကတော့ နယ်အဝယ်တွေပဲ အားထားပြီး ရောင်းရတဲ့အတွက် မျှော်မှန်းသလောက်တော့ မရောင်းရပါဘူး၊ ကားသစ်နဲ့ ကားဟောင်းဝယ်လိုအားကို ကြည့်မယ်ဆိုရင် ယာဉ်အမည်ပေါက်ကိစ္စကြောင့် ဒီရက်ပိုင်းမှာ ကားသစ်တွေကပဲ ဝယ်လိုအားရှိတဲ့အတွက် ၇ဝး၃ဝ အချိုး ရှိပါတယ်၊ နှစ်အစပိုင်းဖြစ်တဲ့အတွက် တချို့အဝယ်တွေက လက်ရှိသတ်မှတ်ထားတဲ့ မူဝါဒတွေထဲက တစ်ခုခုကို ပြန်ဖြေလျှော့ပေးမလားဆိုတာကို စောင့်ကြည့်နေကြတာလည်းရှိလို့ အဝယ်တွေ အေးနေတာ ဖြစ်ပါတယ်’’ဟု ‘မင်းမြန်မာ ချစ်ခန့်ကုမ္ပဏီ’မှ ကိုမင်းဇော်ဖေက ပြောသည်။

ယာဉ်အမည်ပေါက် ပြောင်းလဲမည့်ကားများကို အခွန်နှုန်းထားတစ်ခု သတ်မှတ်၍ ပြောင်းလဲခွင့်ပေးရန် လွတ်တော်တွင် ဆွေးနွေးမည်ဆိုသည့် သတင်းများနှင့် လုပ်သက် ၂၅ နှစ်နှင့်အထက် ဝန်ထမ်းများကို အခွန် သက်သာခွင့်ဖြင့် ကားတင်သွင်းခွင့်ပေးမည်ဆိုသော သတင်းများအပေါ် တွင်လည်း စောင့်ကြည့်မှုများ ရှိနေ၍ ကားအရောင်းအဝယ်များ အေးစက်နေသည်။ ကားစျေးကွက်တွင် Brand New စျေးကွက် ပိုပြီးအား ကောင်းလာသည်ဆိုသော်လည်း အလဲအထပ် ဝယ်ယူမှုများသောကြောင့် ကားဟောင်းစျေးကွက်မှာ ပုံမှန်အတိုင်း အရောင်းအဝယ်ကောင်းနေ သေးကြောင်း သိရသည်။ လက်ရှိ ကားအရောင်းအဝယ်စျေးကွက်တွင် Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈၅ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၇၅ သိန်းဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(မှန်မည်း)ကို ကျပ် ၁၉၅ သိန်းဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေသည်။

‘‘ညာမောင်းကားတွေထက် ပြည်တွင်းထုတ်ကားတွေက ပိုပြီး အရောင်းအဝယ် ဖြစ်နေတယ်၊ ဘာကြောင့်လဲဆိုရင် ရန်ကုန်လိုင်စင်ရရှိတဲ့ အားသာချက်၊ အရစ်ကျ ဝယ်ယူလို့ရတာတွေကြောင့် ဖြစ်ပါတယ်၊ လက်ရှိ ကားမူဝါဒကြောင့် စျေးကွက်က ထူးထူးခြားခြား ပြောင်းလဲသွားနိုင်ဖွယ် မရှိပေမဲ့ စျေးကွက်ယှဉ်ပြိုင်မှုကို ကြည့်မယ်ဆိုရင်တော့ ရန်ကုန်လိုင်စင်ရပြီး အခွန်အခတွေလည်း သက်သာခွင့်ရထားလို့ SKD ကားတွေ အပေါ်စီးက ဖြစ်သွားပါတယ်၊ စျေးကွက်အနေအထားကတော့ ပြည်တွင်းကား သုံးစွဲသူတွေရဲ့ အကြိုက်အပေါ်မူတည်ပြီး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်၊ ဂျပန် ကားမှာ ဂျပန်ကားကြိုက်တဲ့သူတွေ ရှိသေးတဲ့အတွက် ညာမောင်းတွေကတော့ စျေးကျဖို့ မရှိပါဘူး၊ တကယ်အသုံးဝင်ပြီး အသုံးလိုတဲ့ကားဆိုရင် ကြိုက်ရောင်း၊ ကြိုက်ဝယ်စျေးနဲ့လည်း အရောင်းအဝယ် ဖြစ်ပါတယ်၊ ဒီ အချိန်မှာ ကားလုပ်ငန်းရှင် တော်တော်များများကလည်း ှုီ ကို လိုက်ပါပြောင်းလဲနေကြပြီ၊ ဒါကြောင့် ဝယ်ယူသူတွေဘက်ကကြည့်တဲ့ အနေနဲ့ အကြံပြုရရင် တာဝန်ရှိတဲ့ဌာနအနေနဲ့ဖြစ်ဖြစ်၊ Third Party အနေနဲ့ဖြစ်ဖြစ် SKD ကားတွေရဲ့ အရည်အသွေးကို ထိန်းကျောင်းတာတွေ၊ မူဝါဒချမှတ်တာတွေ လုပ်ဆောင်သင့်ပါတယ်၊ ဒါမှ ကားဝယ်မယ့်သူက သူနဲ့သင့်တော်မယ့် ကားအမျိုးအစားအမှန်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်’’ ဟု ‘စငြ်္ကာရွေရည်ကားအရောင်းစင်တာ’မှ မန်နေဂျင်းဒါရိုက်တာ ကို ကျော်စွာထွန်းမြင့်က ဆိုသည်။

ယခုနှစ်အတွင်း ပြည်ပမှ ကားတင်သွင်းရန် ခက်ခဲသွားသည်ဆိုသော် လည်း SKD ဖြင့် Car Brand အသစ်များ ထပ်မံဝင်ရောက်လာမည်ဖြစ်ရာ ရွေးချယ်ဝယ်ယူစရာ ကားများ ပေါများလာမည်ဖြစ်သည်။ CBU ဖြင့် လည်း Brand New ကားအမျိုးအစားအသစ်များ ဝင်ရောက်လာဖွယ်ရှိ နေခြင်းတို့ကြောင့် စျေးကွက်တွင် ကားဟောင်းကြိုက်သူက ကားဟောင်း စျေးကွက်၊ ကားသစ်ကြိုက်သူက ကားသစ်စျေးကွက်ကို ရွေးချယ်မည် ဖြစ်ပြီး ဂျပန်ညာမောင်းကားများမှာ လာမည့် ဆယ်စုနှစ် တစ်ခုကျော်အထိ အားကောင်းဦးမည်ဖြစ်သည်။ ကားသစ်စျေးကွက်တွင်လည်း ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေသည့် SKD ကားများမှာ စျေးကွက်ဝေစုကို တဖြည်း ဖြည်းဖဲ့ယူလာမည် ဖြစ်သည်။

‘‘ကျောင်းတွေလည်း ပိတ်၊ ရုံးတွေလည်း ပိတ်ဆိုတော့ နှစ်အစက အရောင်းအဝယ်အေးပါတယ်၊ လလယ်ပိုင်းလောက်မှာ အရောင်းအဝယ် တွေပြန်ကောင်းလာမယ်လို့ မျှော်မှန်းပါတယ်၊ ဝယ်/ရောင်းတွေတော်တော် များများက ဒီအချိန်မှာ အဟောင်းပြန်ကောက်ပြီး ရောင်းရင် ရံှုးမလား၊ မြတ်မလား မသေချာသလို အမည်ပေါက်ကိစ္စ အခက်အခဲတွေကြောင့် ဝယ်/ရောင်းအချင်းချင်း ပြန်ကောက်တာ နည်းသွားပါတယ်၊ တချို့ ဝယ်/ ရောင်းတွေဆိုရင် ကြားခံပွဲခယူပြီး ချိတ်ရောင်းပေးတဲ့သူတွေတောင် ရှိပါ တယ်’’ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ေြပာသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here