ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူမှုပေါ်လစီတွင် နယ်ဝင်ကားများကို ခွင့်ပြုပေးမည် မဟုတ်သေးဘဲ Brand New ဘယ်မောင်းကားများကိုသာ ဦးစားပေးဝယ်ယူခွင့်ပြုမည်

788

ရန်ကုန်၊ ဧပြီ

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူမှု ပေါ်လစီတွင် နယ်ဝင်ကားများကို ခွင့်ပြုပေးမည် မဟုတ်သေးဘဲ Brand New ဘယ်မောင်းကားများကိုသာ ဦးစားပေးဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း YVQC မူဝါဒရေးဆွဲရေးအဖွဲ့တွင်ပါဝင်သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားဝယ်ယူမှုအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မူဝါဒများ ရေးဆွဲရာတွင် အင်ဂျင်ပါဝါအလိုက် အခွန်များကောက်ခံမည်ဖြစ်ရာ ဝယ်ယူခွင့်ပြုရာတွင် ဘယ်မောင်း Brand New ကားသစ်များကိုသာ ဦးစားပေး ခွင့်ပြုပေးမည်ဖြစ်သည်။ YVQC စနစ်စတင်ဖော်ဆောင်သည့် ပထမနှစ်အတွင်း၌လည်း ရန်ကုန်လိပ်စာပြောင်းမည့် နယ်အဝင်ကားများကို ခွင့်ပြုပေးဦးမည်မဟုတ်ဘဲ ဝင်ရောက်လာမည့် ကားအရေအတွက်အပေါ် မူတည်ပြီးမှသာ လိပ်စာပြောင်းကားများကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးဖွယ်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

”YVQC စနစ်စစချင်းမှာ နယ်အဝင်လိပ်စာပြောင်းမယ့်ကားတွေကို ခွင့်ပြုပေးမှာ မဟုတ်သေးပါဘူး။ မြန်မာပြည်လမ်းစနစ်နဲ့ ကိုက်ညီမှုရှိတဲ့ Brand New ဘယ်မောင်းကားတွေကိုပဲ ဦးစီးပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ ရန်ကုန်လိုင်စင်နဲ့ အသစ်ဝင်ရောက်လာမယ့် ကားအရေအတွက်အပေါ် မူတည်ပြီး နယ်အဝင်ကားတွေကို အစီးရေ အကန့်အသတ်နဲ့ ခွင့်ပြုမှာဖြစ်ပါတယ်။ ရန်ကုန်လိပ်စာပြောင်းမယ့် နယ်အဝင်ကားတွေကို ခွင့်ပြုပေးတဲ့အခါမှာလည်း ဘယ်မောင်းကားတွေကိုပဲ ခွင့်ပြုဖို့ ရှိပါ တယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧပြီ ၁ ရက်မှစ၍ နှစ်လဲသက်တမ်းတိုးပြုလုပ်မည့် ရန်ကုန်လိုင်စင်ကားများကို ဘီးခွန်များ အဆ များစွာ တိုးမြ§င့်ကောက်ခံခဲ့သလို ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် နယ်လိုင်စင်ကားများကိုလည်း လာမည့်လအတွင်း မြို့ဝင်ကြေး ကောက်ခံရန် စီစဉ်ဆောင်ရွက်နေ ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here