ရန်ကုန်လိပ်စာဖြင့် နယ်လိုင်စင်ရယူပြီး ပြည်ပမှတင်သွင်းသော CBU ကားများကို ကနဦးမှတ်ပုံတင် ပြုလုပ်ခွင့်ပေးမည်

607

 

ရန်ကုန်၊ မေ ၃၁
ရန်ကုန်လိပ်စာဖြင့် နယ်လိုင်စင်ရယူပြီး ပြည်ပမှတင်သွင်းသော CBU ကားများကို ကနဦးမှတ်ပုံတင် ပြုလုပ်ခွင့်ပေးမည်ဖြစ်ကြောင်း Automotive Association of Myanmar(AAM) မှ သိရသည်။

ပြည်ပမှ တင်သွင်းလာသော CBU ကားသစ်များကို ရန်ကုန်လိပ်စာအမည်ပေါက်ဖြင့် ဝယ်ယူလိုပါက ကြိုက်နှစ်သက်ရာ နယ်လိုင်စင်ရယူပြီး ကနဦးမှတ်ပုံတင်ပြုလုပ်ခွင့်ပေးမည် ဖြစ်သည်။

”ကားဟောင်းတွေ အမည်ပေါက်ပြုလုပ်ပြီး နှစ်လဲသက်တမ်းတိုးသလိုမျိုးပဲ ပြည်ပကနေ တင်သွင်းလာတဲ့ CBU ကားသစ်တွေကိုလည်း ရန်ကုန်သန်းခေါင်စာရင်း၊ ရန်ကုန်လိပ်စာနဲ့ နယ်လိုင်စင်ယူပြီး ကနဦးမှတ်ပုံတင်ပြုလုပ်ခွင့်ပေးမယ်လို့ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ခွင့်ပြုပေးခဲ့ပါတယ်၊ ဒါကြောင့် CBU ကားသစ်တွေကို အမည်ပေါက်နဲ့ လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်” ဟု AAM အသင်းဥက္ကဋ္ဌ ဦးအောင်ဝင်းက ဆိုသည်။

ထိုသို့ CBU ကားများကို ရန်ကုန်လိပ်စာ နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ပြုလုပ်ခွင့်ပေးလိုက်ခြင်းကြောင့် ကားဟောင်းစလစ်ဈေးများ ကျဆင်းသွားမည်ဖြစ်သလို ပြည်ပမှတင်သွင်းလာသော CBU ကားများနှင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော SKD ကားများ၏ ဈေးကွက်ဝယ်လိုအား မျှတသွားဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။
ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here