ရန်ကုန်မြို့အတွင်း ဖွင့်လှစ်ထားသည့် Car Showroom များ မေလတွင် ပြန်လည် ဖွင့်လှစ်နိုင်ဖွယ်ရှိကြောင်း သိရသည်။
လတ်တလောတွင် Covidb19 ရောဂါကာကွယ်သည့် အနေဖြင့် လူ ငါးဦးထက်ပို၍ မစုစည်းရဟူသော ပြည်ထောင်စုအစိုးရအဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကြောင့် Hyundai, Borgward, Changhe, Suzuki, Brilliance, Soueast, Ford, Mitsubishi, GAC, KIA, Peugeot, BAIC, Mazda, Mercedes, Volvo, Jaguar & Land Rover စသည့်အရောင်းပြခန်းနှင့် ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံများ ယာယီ ပိတ်ထားကြောင်း သိရသည်။
သို့သော် လာမည့် မေလတွင် ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် Corona- virus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင် များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွက် ကြေညာထားသော လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နေကြကြောင်းသိရသည်။