ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်း ၁၈ ခုတွင် ကျောင်းကား စနစ်သစ်ဖော်ဆောင်မည်

520

ရန်ကုန်၊ မေ

ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်း ၁၈ ခုတွင် ကျောင်းကား စနစ်သစ်ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် ၂ဝ၁၈-၂ဝ၁၉ ပ ညာသင်နှစ်တွင် ကျောင်းကားစနစ် စတင်မည်ဖြစ်ရာ ယာဉ်ကြောပိတ်ဆို့မှုများသည့် လမ်းမကြီးများပေါ်တွင်ရှိသော ကျောင်း ၂ ကျောင်း ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသော ဘတ်စ်အစီး ၅ဝ ထည့်ဝင်ပြေးဆွဲမည်ဖြစ်သည်။

”ကျောင်းကားစနစ်သစ်ကို အစိုးရကျောင်း ၁၈ ကျောင်းမှာ ဖေါ်ဆောင်မယ်လို့ သိရပါတယ် ဒီထဲက ယာဉ်ကြောပိတ်ဆို့မှုများတဲ့ လမ်းမကြီးပေါ်မှာရှိတဲ့ ကျောင်း ၂ ကျောင်းမှာ အစိုးရဝယ်ထားတဲ့ ဘတ်စ်အစီး ၂ဝဝ ထဲက အစီး ၅ဝ ထည့်ဝင်ပြေးဆွဲပေးမယ်လို့ သိရပါတယ် ဘယ်ကျောင်းလဲ ဆိုတာတော့ မသိရသေးပါဘူး ကျန်တဲ့ကျောင်းတွေကိုတော့ လက်ရှိကျောင်းကားတွေနဲ့ အများပိုင်ပြေးဆွဲဖို့ ဆွေးနွေးတာနေပြီး အစိုးရအဖွဲ့က အတည်ပြုထုတ်ပြန်မယ့်အချိန်ကို စောင့်နေကြပါတယ် ” ဟု ကျောင်းကားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကပြောသည်။

School Bus စနစ်သစ် ဖေါ်ဆောင်ရန်အတွက် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး သင်တန်းကျောင်း (ပြည်လမ်း)  TTC ၊ အထက (၂) ကမာရွတ် ၊ အထက (၂)  စမ်းချောင်း ၊ အထက (၂) မရမ်းကုန်း ၊ အထက (၁) အင်းစိန် ၊ မဂင်္လာဒုံ (အောင်ဆန်း သူရိယလှသောင်း) ကျောင်း ၊ အလက (၁) ဒဂုံ ၊ အထက (၁) ဒဂုံ ၊ အထက (၂) ဒဂုံ (မြို့မ) ၊ အထက (၂) လသာ ၊ အထက (၁) လသာ ၊ အထက (၁) ပန်းဘဲတန်း ၊ အထက (၄)  ဗိုလ်တထောင် ၊ အထက (၅) ဗိုလ်တထောင် ၊ အထက (၆) ဗိုလ်တထောင် ၊ အထက (၄) ပုဇွန်တောင် ၊ အထက (၄) အလုံ ၊  ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းကျောင်း  (ရန်ကင်း TTC  ) အစရှိသော ရန်ကုန်မြို့တွင်းရှိ  အစိုးရ စာသင်ကျောင်း ၁၈ ကျောင်းကို ကျောင်းကားစနစ်သစ် ဖေါ်ဆောင် မည်ဖြစ်ပြီး ထိုကျောင်းများထဲမှ အဓိကလမ်းကြီးပေါ်ရှိ ကျောင်း ၂ ကျောင်းတွင် အစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကား အစီး ၅ဝ ဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here