ရန်ကုန်မိုးပျံလမ်းမကြီး စီမံကိန်း (YEX) အတွက် တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ခြင်းလုပ်ငန်းတို့ကို ယခုနှစ်အတွင်း ဆောင်ရွက်မည်

822

ရန်ကုန်၊ ဇူလိုင်၁ဝ
ရန်ကုန်မိုးပျံလမ်းမကြီး စီမံကိန်း (YEX) အတွက် တင်ဒါခေါ်ယူခြင်း နှင့် ရွေးချယ်ခြင်း လုပ်ငန်းတို့ကို ယခုနှစ်အတွင်း အပြီးသတ်ဆောင် ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနက သိရသည်။
ရန်ကုန်မိုးပျံလမ်းမကြီး တည် ဆောက်မည့် စီမံကိန်းကို စိတ်ဝင် စားသည့် ကုမ္ပဏီ ၅၃ ခုရှိနေပြီး တင်ဒါခေါ်ယူခြင်းနှင့် တာဝန်ယူ ဆောက်လုပ်မည့်ကုမ္ပဏီ ရွေးချယ် ခြင်းတို့ကို ယခုနှစ်အတွင်း လုပ် ဆောင်မည်ဖြစ်သည်။
‘‘ရန်ကုန်မိုးပျံလမ်း တည် ဆောက်ဖို့အတွက် စိတ်ဝင်စားမှု ဘယ်လောက်ရှိတယ်ဆိုတာ သိရ အောင် စိတ်ဝင်စားမှုလျှောက်လွာ ဆိုပြီး အကြိုလျှောက်လွာတွေ ခေါ် ယူခဲ့ရာမှာ ကုမ္ပဏီ ၅၃ ခုလျှောက် ထားတာ တွေ့ရပါတယ်၊ တင်ဒါ ခေါ်ယူမှုနဲ့ ကုမ္ပဏီရွေးချယ်တာကို ဒီနှစ်ထဲမှာ ဆောင်ရွက်မှာ ဖြစ်ပါ တယ်’’ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
လျှောက်ထားသည့် ကုမ္ပဏီ ၅၃ ခုထဲတွင် မြန်မာကုမ္ပဏီ ၁၆ ခု၊ တရုတ်ကုမ္ပဏီ ၁၂ ခု၊ ဂျပန် ကုမ္ပဏီ ခုနစ်ခု၊ တောင်ကိုရီးယား ကုမ္ပဏီ လေးခု၊ အိန္ဒိယကုမ္ပဏီ သုံးခု၊ ထိုင်းကုမ္ပဏီ နှစ်ခု၊ တူရကီ ကုမ္ပဏီ နှစ်ခုနှင့် မလေးရှား၊ ဖီလစ် ပိုင်၊ အင်ဒိုနီရှား၊ ဗီယက်နမ်၊ ပြင် သစ်တို့မှ ကုမ္ပဏီတစ်ခုစီနှင့် မြန်မာ -မလေးရှားဖက်စပ် ကုမ္ပဏီတစ်ခုတို့ လျှောက်ထားခ့ဲကြောင်း သိရသည်။
ရန်ကုန်မြို့ ယာဉ်ကြောပိတ် ဆို့မှုနှင့် လူနေမှု အဆင့်အတန်းမြင့် မားရန်ရည်ရွယ်ပြီး ရန်ကုန်မိုးပျံ လမ်းမကြီး စီမံကိန်း (YEX) တည် ဆောက်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ Public Private Partnership (PPP) အစီအစဉ်ဖြင့် ဆောက်လုပ် မည်ဖြစ်ကြောင်းသိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here