ရန်ကုန်နှင့် မန္တ​လေး ​မော်​တော်ယာဥ်များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ခြင်းကို အစီးရေ ​လေးဆယ်စီ ထပ်တိုးခွင့်ပြု

149

 

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရန်ကုန်နှင့် မန္တ​လေး ​မော်​တော်ယာဥ်များ ကနဦးမှတ်ပုံတင် ဆောင်ရွက်ခြင်းအတွက် အစီးရေ​ လေးဆယ်စီ
ထပ်တိုး ခွင့်ပြုထားကြောင်းကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ သိရသည်။

ရန်ကုန်နှင့် မန္တ​လေး ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၉ ရက်မှစ၍ အစီး​လေးဆယ်စီထပ်တိုး၍ ကနဦးမှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

“အခု ရက်လွန်ဒဏ်ကြေးနဲ့ဆောင်ရွက်နေတဲ့ ကာလမှာ အချိန်မီ ဆောင်ရွက်နိုင်ဖို့ မန္တလေးနဲ့ ရန်ကုန် ကနဦးမှတ်ပုံတင်ခွင့်အစီးရေကို ထပ်တိုးခွင့်ပြုပေးတာဖြစ်ပါတယ်၊ နေပြည်တော်နဲ့ ရွာသာကြီး ကနဦးရုံးတွေကတော့ အစီးရေ လုံလောက်တဲ့အတွက် ပုံမှန်အတိုင်းအစီးရေငါးဆယ်ပဲ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Online Booking ကို www.rtad.gov.mm ဝက်ဘ်ဆိုက်တွင် ရယူရမည်ဖြစ်ပြီး ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းအား Online Booking စနစ်ဖြင့် ခွင့်ပြုရာ၌ တစ်ရက်လျှင် ထောက်ကြန့် ကညနရုံး၌ အစီး နှစ်ရာ၊ မန္တလေးကညနရုံး၌ အစီး ၁၄၀၊ နေပြည်တော်နှင့် ရွာသာကြီး ကညနရုံးတို့တွင် အစီး ငါးဆယ်စီ ခွင့်ပြုမည်ဖြစ်သည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here