ရန်ကုန်တိုင်းဒေသကြီးရှိ ကညနရုံးများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းမည်ဖြစ်၊ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများသာ ဆက်လက်ဆောင်ရွက်ပေးမည်

255

 

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကညနရုံးများ၏ ဝန်ဆောင်မှု လုပ်ငန်းများကို ယခုလ ၁၁ ရက်မှစ၍ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်သော်လည်း ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဉီးစီးဌာနမှ သိရသည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိ စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်)၊ တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)၊ခရိုင်ရုံး(အနောက်ပိုင်းရုံး)၊ ခရိုင်ရုံး(အရှေ့ပိုင်းရုံး)၊ခရိုင်ရုံး(မြောက်ပိုင်းရုံး)၊ခရိုင်ရုံး(တောင်ပိုင်းရုံး)များတွင် ဆောင်ရွက်ပေးနေသည့် မော်တော်ယာဉ်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းများကို ယခုလ ၁၁ ရက်မှစ၍ ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်က ရုံးတွေပဲ ပိတ်မှာပါ၊ ရန်ကုန်ရုံးတွေမှာ ထောက်ကြန့်နဲ့ ရွာသာကြီးမှာ ကနဦးလုပ်ငန်းကို ဆက်ပြီး ဆောင်ရွက်ပေးမှာပါ၊ မြင်သာရယ်၊ တောင်ဒဂုံရယ်၊ သန်လျင်ရယ်၊ အင်းစိန်ရယ်၊ ရွာသာကြီးမှာ ပေးနေတဲ့ တခြားဝန်ဆောင်မှုတွေကတော့ ခေတ္တရပ်ဆိုင်ထားမှာပါ၊ တခြား နယ်ဒေသရုံးတွေကတော့ ပိတ်ဖြစ်ခဲ့ရင် ကြေညာပေးမှာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဉီးစီးဌာန (နေပြည်တော်ရုံးချုပ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here