ယာဉ်အို၊  ယာဉ်ဟောင်းစလစ်ကပ်၍ ရန်ကုန်လိုင်စင်လျှောက်ထားသည့် Brand New ကား အစီး ၁၆၀ ကျော်အထိရှိလာ

844

 

၂၀၁၇ ခုနှစ်အတွင်း ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ကပ်၍ ရန်ကုန်လိုင်စင် လျှောက်ထားသည့် Brand New ကားအစီး ၁၆၀ ကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ကားအရောင်းပြခန်းများမှ တင်သွင်းရောင်းချသည့် Brand New ကားများကို ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ကပ်၍ ရန်ကုန်လိုင်စင်လျှောက် ထားခွင့်အား ယခုနှစ် မတ်လမှစတင်ခွင့်ပြုပေးခဲ့ရာ အောက်တိုဘာလ တတိယပတ်အထိ Brand New ကား ၁၆၄ စီး လာရောက် လျှောက်ထား ခဲ့ကြောင်း သိရသည်။

”ပုံစံ (ဃ) စလစ်နဲ့ ရန်ကုန်လိုင်စင်လျှောက်ထားတဲ့ Brand New ကား ၁၆၄ စီး ရှိပါတယ်၊ စတင်ခွင့်ပြုတဲ့လတွေမှာ ၁၀ ဂဏန်းဝန်းကျင် ပဲရှိတယ်၊ နောက်ပိုင်းလတွေမှာ တစ်လကို အစီးလေးဆယ် ဝန်းကျင် လောက် လာလျှောက်တာ တွေ့ရပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကားအရောင်းပြခန်းမှ တင်သွင်းရောင်းချသည့် Brand New ကား များကို ပုံစံ(ဃ) စလစ်ဖြင့် ရန်ကုန်လိုင်စင် လျှောက်ထားခွင့်ပြုရာတွင် ၂၀၁၇ ခုနှစ်အတွင်း မတ်လတွင် သုံးစီး၊ ဧပြီလတွင် ရှစ်စီး၊ မေလတွင် ၁၂ စီး၊ ဇွန်လတွင် ၁၇ စီး၊ ဇူလိုင်လတွင် ၂၅ စီး၊ သြဂုတ်လတွင် ၄၈ စီး၊ စက်တင်ဘာလတွင် ၃၈ စီးနှင့် အောက်တိုဘာလတွင် ၁၃ စီးတို့ကို ရန်ကုန်လိုင်စင်ချထားပေးခဲ့ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here