ယာဉ်အမည်ပေါက် ပြောင်းလဲရမည်ဆိုသည့် ကြေညာချက်ထွက်ပေါ်ပြီးနောက် နံပါတ်ထွက်ပြီးသား ညာမောင်းကားများ အရောင်းအဝယ် ပြန်အေးသွားသည့် ကားစျေးကွက်

884
Page(Test)

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ယာဉ်နှင့်ယာဉ်ပိုင်ရှင် ထပ် တူကျရန်အတွက် လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများ (ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ နယ်ဝင်/နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေး ခြင်း၊ စက်/ဆေး-ပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထား ပျောက် ဆုံးခြင်း)ဆောင်ရွက်ပါက ယာဉ်ပိုင်ရှင်ကိုယ်တိုင်(သို့) အမည်ပေါက်ပိုင်ရှင် ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း မူရင်း များဖြင့် တိုက်ဆိုင်စစ်ဆေးပြီး တင်ပြနိုင်ခြင်းမရှိပါက ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ဝင်ငွေခွန်ပေးဆောင်ကာ လက်ဝယ်ရှိသူ၏ အမည်သို့ ပြောင်းရမည်ဟု အောက်တိုဘာ ၂၄ ရက်က ကြေညာခဲ့သည်။ ထိုကြေ ညာချက်ထွက်ပြီးနောက်တွင် စျေးကွက်အကြိုက် နံပါတ်ထွက်ပြီးသား ကားများမှာ အဝယ်ပြန်အေးသွားသည်။ ပြည်တွင်းထုတ်ကားများမှာမူ ဝင်ငွေခွန်ဖြေလျှော့ပေးထားခြင်းနှင့် နှစ်သက်ရာအမည်ပေါက်ဖြင့် ဝယ် ယူနိုင်ခြင်းတို့ကြောင့် ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပြီး ပြည်ပမှ တင်သွင်းသော Brand New ကားများမှာလည်း အဝယ်လိုက်ကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ ရန်ကုန်ရော၊ နယ်အဝယ်ပါ ဆင်းပေမဲ့ လဆန်း ပိုင်းကလောက် သိပ်မရောင်းရတော့ဘူး၊ ကညနက အမည်ပေါက် ပြောင်း လဲရမယ်ဆိုတဲ့ ကြေညာချက်ကို နားလည်မှုလွဲပြီး အဝယ်တွေက ကား ဝယ်ရင် ချက်ချင်းပဲ ပြောင်းရတော့မယ်ထင်နေကြတယ်၊ ဒါကြောင့် စျေး ကွက်အကြိုက် ညာမောင်းကားတွေ အဝယ်ပြန်အေးသွားပါတယ်၊ SKD ကားတွေကတော့ ဝင်ငွေခွန်ဖြေလျှော့ပေးထားတဲ့အတွက် အရင်ကထက် စာရင် ပိုပြီးတောင် ရောင်းရပါတယ်”ဟု JPM ကားအရောင်းစင်တာမှ ဒါရိုက်တာ ကိုထိန်လင်းအောင်က ပြောသည်။

နံပါတ်ထွက်ပြီးသား ညာမောင်းကားအချို့မှာ စျေးအနည်းငယ်ကျ ဆင်းသွားသလို ရောင်းကားများလည်း ထွက်လာပြီး Mazda Demio ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၆ဝ ဝန်းကျင်၊ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈၈ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇/၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၇၃ ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(အဖြူရောင်) ကျပ် ၁၈၃ သိန်းဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေသည်။ အမြင့် ကားများထဲတွင် Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ် ၃၈၅ သိန်းဝန်းကျင်၊ Honda CR-V ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၃၈ဝ ဝန်းကျင်၊ Toyoat Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ် ၄၈၅ သိန်းဝန်းကျင်၊ Toyta Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ငါးရာဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ၆၄ဝ ဝန်းကျင် ပေါက်စျေးရှိ နေသည်။ ရာသက်ပန်ကုမ္ပဏီအမည်ပေါက် တက္ကစီများကို အခွန်ပေး ဆောင်စေပြီး လူအမည်ပေါက် ပြောင်းလဲခွင့်ပေးမည့် သတင်းများထွက် ပေါ်ပြီးနောက် တက္ကစီများထဲမှ နယ်လိုင်စင် Toyota Probox ၊ Toyota Fielder ၊ Nissan AD Van တို့ အဝယ်ပြန်လိုက်လာသည်။

“အောက်တိုဘာ ၁ ရက်ကစပြီးဖြေလျှော့ပေးတဲ့ အခွန်ဥပဒေသစ် ကြောင့် ဒီလထဲမှာ နံပါတ်ထွက်ပြီးသား ညာမောင်းကားတွေထက် ပြည် တွင်းထုတ်ကားတွေနဲ့ ပြည်ပက တင်သွင်းတဲ့ ကားသစ်တွေက ပိုပြီး အရောင်းအဝယ် ဖြစ်ပါတယ်၊ ဝင်ငွေခွန် ဖြေလျှော့ပေးပြီးနောက်မှာ ညာမောင်းကားတွေကတော့ ကားအမျိုးအစားအပေါ် မူတည်ပြီး စျေးအ နည်းပြန်ဆင်းသွားသလို အဝယ်လည်းအေးသွားပါတယ်၊ နောက်ပြီး ကညနက မော်တော်ယာဉ်လုပ်ငန်းတွေကို အမည်ပေါက်ဆောင်ရွက်ရမယ် ဆိုပြီး ကြေညာချက် ထုတ်ပြန်လိုက်တဲ့အချိန်မှာ နံပါတ်ထွက်ပြီးသား ကားတွေထက် ကားသစ်တွေက ရောင်းအားပိုကောင်းလာပါတယ်၊ တချို့ နားလည်တဲ့ အဝယ်တွေကျတော့ ဘယ်ကားဖြစ်ဖြစ် ဝင်ငွေခွန် သက်သာ ခွင့် ပေးထားတယ်၊ နယ်ဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ် လိုင်စင်သာလွဲပြီး အခွန် ဆောင်သူရဲ့ အမည်ပေါက်ဖြစ်ကြောင်း အသိအမှတ်ပြုပေးမယ်ဆိုတဲ့အ တွက် ဝယ်ကြပါတယ်၊ စိုးရိမ်ပူပန်မှုကင်းကင်းနဲ့ ကားဝယ်ချင်တဲ့သူနဲ့ Down Payment နည်းနည်းပေးပြီး အရစ်ကျစနစ်နဲ့ ဝယ်ချင်တဲ့ သူတွေကျတော့ နှစ်သက်ရာလိုင်စင် အမည်ပေါက်ကို ရွေးချယ်ဝယ်ယူ နိုင်တဲ့ SKD ကားတွေကို ပိုပြီး စိတ်ဝင်စားလာတာ တွေ့ရပါတယ်”ဟု RISX Group မှ မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

အယခုလမှစ၍ စည်းကြပ်မှုမှလွတ်ကင်းနေသော ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်ကို ဖြေလျှော့ပေးလိုက်ခြင်းကြောင့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းသော Brand New ကားများမှာ ယခင်လများ ထက် အရောင်းအဝယ် ပိုကောင်းလာသည်။ ကားသစ်များ စျေးနှုန်းကျ သွားသည့် အရှိန်ဖြင့် ကားဟောင်းစျေးများ အနည်းငယ်ပြန်ဆင်းသွား ဖွယ်ရှိသော်လည်း Brand New ကားများနှင့် အမျိုးအစားတူ ကားများ သာ စျေးကျသွားသည်။ ဥပမာ Toyota Vios စျေးကျသွားသောကြောင့် ထိုကားနှင့်အမျိုးအစားတူသည့် Toyota Axio နှင့် Toyota Belta တို့၏စျေးမှာ အထိုက်အလျောက် ပြန်ဆင်းသွားသည်။ ထို့ပြင် Suzuki Ertiga Type 3 နှင့် အသစ်ထွက်ရှိသည့် Mitsubishi Xpander တို့ စျေးဆင်း သွားသည့်အပေါ် Toyota Wish လည်း စျေးအနည်းငယ် ကျဆင်းသွား သည်။ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် SUV ကားများ စျေးကျ သွားသောကြောင့် Toyota RAV4 ၊ Mitsubishi RVR ၊ Nissan Juke တို့၏စျေးများလည်း အထိုက်အလျောက် ကျဆင်းသွားသည်။ ဂျပန်ညာ မောင်းကားအချို့ စျေးကျဆင်းသွားနိုင်သော်လည်း တင်သွင်းရန် အခွင့် အရေးမရှိသောကြောင့် အချိန်တစ်ခုရောက်လျှင် ပုံမှန်စျေးသို့ ပြန်ရောက် သွားမည်ဟု ကားလုပ်ငန်းရှင်များက သံုးသပ်ထားြကသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here