ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းသည် ယာဉ်နှင့် ယာဉ်ပိုင်ရှင် ထပ်တူကျရန်သာဖြစ် လိုင်စင်များကို ရန်ကုန်ဖြစ်စေ၊ နယ်ဖြစ်စေ မူလလိုင်စင်အတိုင်းသာ ဆက်လက်ခွင့်ပြုမည်

711

ရန်ကုန်၊ အောက်တိုဘာ
ယာဉ်အမည်ပေါက် ပြောင်းလဲခြင်း သည် ယာဉ်နှင့် ယာဉ်ပိုင်ရှင် ထပ် တူကျရန် အတွက်သာဖြစ်၍ မူလ လိုင်စင်များအတိုင်း ရန်ကုန်လိုင်စင် ကားများအား ရန်ကုန်လိုင်စင်၊ နယ် လိုင်စင်ကားများအား နယ်လိုင်စင် အတိုင်းသာ ဆက်လက်ခွင့်ပြုမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယာဉ်အမည်ပေါက် ပြောင်းလဲ ရာတွင် ယာဉ်ပိုင်ရှင်နှင့် အုံနာဘုတ် တွင် ပါဝင်သော အမည်၊ နေရပ် လိပ်စာ ထပ်တူကျရန်အတွက် ရည် ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန် လိုင်စင်ကားကို ရန်ကုန်လိုင်စင်အ တိုင်း၊ နယ်လိုင်စင်ကားကို နယ်လိုင် စင်အတိုင်း မူလလိုင်စင်အတိုင်း ဆက် လက်ထားရှိ၍ နှစ်လဲသက်တမ်း တိုး ပြုလုပ်ခွင့်ပေးမည် ဖြစ်သည်။

“ပိုင်ရှင် အမည်ပေါက်ကား တွေ များလာစေဖို့အတွက် ရည် ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ရန်ကုန်လိုင်စင်ကားကို ရန်ကုန်လိုင်စင်၊ နယ်လိုင်စင်ကား ကို နယ်လိုင်စင်အတိုင်း ဆက် လက်ခွင့်ပြုမှာ ဖြစ်ပါတယ်၊ ဥပမာ ပဲခူးသန်းခေါင်စာရင်းနဲ့ ရန်ကုန် လိုင်စင်ကားကို ပိုင်တဲ့သူက အမည် ပေါက် ပြောင်းတဲ့အခါမှာ သူ့နာ မည်နဲ့ သန်းခေါင်စာရင်းမှာပါတဲ့ လိပ်စာအတိုင်း မှတ်တမ်းတင်ပြီး အုံနာဘုတ် အသစ်တစ်အုပ် ပြု လုပ်ပေးမှာ ဖြစ်ပါတယ်၊ ဒေသ သင်္ကေတတွေကိုတော့ ယာဉ်ပိုင် ရှင်ဆန္ဒအရ ပြုလုပ်ပေးမှာပါ၊ နယ် မှာနေပြီး ရန်ကုန်လိုင်စင်ကားပိုင် တဲ့သူက နယ်လိုင်စင် ပြောင်းချင် တယ်ဆိုရင် ဆောင်ရွက်ပေးလို့ ရ ပေမဲ့ နယ်ကားကို ရန်ကုန်အဝင် ပေးဖို့ကတော့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်နေတဲ့အတွက် ဆောင် ရွက်ပေးလို့ မရပါဘူး”ဟု ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

ရန်ကုန်မြို့တွင် နေထိုင်ပြီး နယ်လိုင်စင်ကား ပိုင်ဆိုင်ထားသူ တစ်ဦးက ဝင်ငွေခွန်ပေးဆောင်ကာ အမည်ပေါက် ပြုလုပ်သော်လည်း ရန်ကုန်လိုင်စင် မရရှိသည့်အပေါ် ဝေဖန်မှုများ ရှိနေသဖြင့် YVQC မူဝါဒ ရေးဆွဲရာတွင် နယ်လိုင်စင် ကားများကို ရန်ကုန်လိုင်စင်ပြုလုပ် ခွင့်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာ နများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆွေးနွေးတင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။
ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here