ယာဉ်လိုင်းများတွင် ပြေးဆွဲခြင်း မ ရှိသော်လည်း အပ်နှံရန် ၁၉၉၅ မိုဒယ်နှင့်အောက် ဘတ်စ် ၂၀၇ စီး ကျန်ရှိနေသေးကြောင်း ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် ၁၉၉၅ မိုဒယ်နှင့်အောက် CNG အသုံးပြုခရီးသည်တင်ယာဉ် များ အို/ဟောင်းအပ်နှံ၍ လူစီးစလစ် ထုတ်ယူရန်အတွက် အစီးရေ ၃,၃၈၆ စီး ခွင့်ပြုပေးခဲ့ရာ ၃,၁၇၉ စီးအပ် နှံခဲ့ပြီးဖြစ်၍ အပ်နှံရန် ၂၀၇ စီး ကျန်ရှိနေသေးကြောင်း သိရသည်။
”၁၉၉၅ မိုဒယ်နဲ့အောက် ဘတ်စ်တွေ လာရောက်အပ်နှံတာ အရင်လတွေလောက်တော့ မများ တော့ဘူး၊ တစ်ပတ်ကို ၁၀ စီး လောက်ပဲ လာအပ်တယ်၊ အောက် တိုဘာလ ဒုတိယပတ်အထိ အစီး သုံးထောင်ကျော် အပ်နှံခဲ့ပြီးဖြစ်လို့ အစီးနှစ်ရာကျော် ကျန်နေသေး တယ်”ဟု ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန၊ ကညန (မြင်သာ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အို/ဟောင်းအပ်နှံ၍ လူစီး စလစ်ထုတ်ယူရန်အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင် ပြထားသည့်ယာဉ် ၃,၆၂၉ စီး ရှိပြီး အချက်အလက်များနှင့် ကိုက်ညီသည့်ဘတ်စ် ၃,၃၈၆ စီး ခွင့်ပြု ပေးခဲ့ရာ စီးတီးဘတ်စ် ၁,၂၄၃ စီး၊ မီနီဘတ်စ်၂၅၈ စီး၊ ဘီအမ် ၃၉၇ စီး၊ ဒိုင်နာ ၁,၂၃၃ စီး၊ ပစ်ကပ် ၂၅ စီး၊ လိုက်ထရပ် ၂၃ စီး လာရောက် အပ်နှံ၍ လူစီးစလစ် ထုတ်ယူထား ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် ၁၉၉၅ မိုဒယ်နှင့်အောက် ခရီးသည်တင်ယာဉ်များ အို/ဟောင်း အပ်နှံ၍ လူစီးစလစ်ထုတ်ယူခြင်း ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ ၁၉၉၈ မိုဒယ်အထိ အပ်နှံခွင့်ပေးရန် စီစဉ်လျက်ရှိရာ အပ်နှံရန် လာ ရောက်တင်ပြထားသည့် အစီးလေးရာ ဝန်းကျင်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ကြည်ပြာ၊ ရဲထွန်းကျော်