ယာဉ်မှန်၊ မမှန်စစ်ဆေးခြင်းကို ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်းလဲစရာမလိုဘဲ ပုံမှန်အတိုင်း ဆောင်ရွက်ပေးမည်

1944

ရန်ကုန်၊ အောက်တိုဘာ
ယာဉ်မှန်၊ မမှန် စစ်ဆေးခြင်းကို ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်း လဲစရာမလိုဘဲ ပုံမှန်အတိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မှတ်ပုံတင်ထားသော ကား များကို လက်ရှိပိုင်ရှင်အမည်၊ နေ ရပ်လိပ်စာ တိကျမှန်ကန်စွာ မှတ် တမ်းတင်နိုင်ရန်အတွက် လာမည့် နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ကနဦး မှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်း တိုးခြင်း၊ ယာဉ်မှန်၊ မမှန်စစ်ဆေး ခြင်း၊ နယ်ဝင်/နယ်ထွက်ခြင်း၊ ခရီး လွန် စစ်ဆေးခြင်း၊ စက်/ဆေး/ ပြောင်းလဲခြင်း၊ မှတ်ပုံတင်အ ထောက်အထား ပြောင်းလဲခြင်းတို့ ဆောင်ရွက်ရာတွင် အမည်ပေါက် ယာဉ်ပိုင်ရှင်ကိုယ်တိုင်(သို့)အမည် ပေါက်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေး ကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းမူရင်းတို့ဖြင့် တိုက်ဆိုင်စစ် ဆေး ဆောင်ရွက်သွားမည် ဖြစ် သည်။ ထိုသို့ တင်ပြနိုင်ခြင်းမရှိပါ က ယာဉ်လက်ဝယ်ရှိသူ၏ အမည် သို့ပြောင်းရန် ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ဝင်ငွေခွန် ပေး ဆောင်ရမည် ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီး ဌာနမှ အောက်တိုဘာ ၂၄ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက် ထွက်ပေါ်လာပြီး နောက်တွင် ကားလုပ်ငန်းရှင်များ က ယာဉ်မှန်၊ မမှန် စစ်ဆေးခြင်း ကိစ္စအများစုသည် အရောင်းအဝယ် ပြုလုပ်ရန်အတွက်သာ ဖြစ်ပြီး ယာဉ် စစ်ဆေးသည့်ကာလ၌ အရောင်း အဝယ် အတည်မဖြစ်သေးသော ကြောင့် ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရန် မလိုအပ်ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

“ယာဉ်မှန်၊မမှန်စစ်ဆေးရင် အမည်ပေါက် ပြောင်းရမယ့်ကိစ္စအ ပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်၊ ယာဉ်စစ်တဲ့ကာလက အရောင်းအ ဝယ် မပြီးပြတ်သေးတဲ့ကာလ ဖြစ် တဲ့အတွက် အမည်ပေါက်ပြောင်းလို့ မရသလို ယာဉ်စစ်ပြီးမှ အရောင်း အဝယ် ပျက်သွားတာတွေလည်း ရှိတဲ့အတွက် ဒီအချက်ကိုတော့ ဖြေ လျှော့ပေးမှာ ဖြစ်ပါတယ်”ဟု ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယာဉ်မှန်၊ မမှန် စစ်ဆေးရာ တွင် အမည်ပေါက်ပြောင်းလဲရန် မလိုအပ်သော်လည်း အထက်ပါ အခြားကိစ္စရပ်များ ဆောင်ရွက်ခြင်း ကိုမူ မော်တော်ယာဉ်ဥပဒေအတိုင်း လိုက်နာကျင့်သုံးရန်အတွက် ပိုင် ရှင်အမည်ပေါက် ပြုလုပ်ရန် လို အပ်ကြောင်း သိရသည်။
ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here