ယာဉ်မောင်းအတတ်ပညာ လုံးဝမတတ်သူများအပါအဝင် (ခ)လိုင်စင်သုံးနှစ်ရှိအမျိုးသမီးဦးရေ သုံးဆယ်ကိုထောက်ပံ့ကြေးဖြင့် ယာဉ်မောင်းသင်တန်းသုံးလမှ ခြောက်လအထိ သင်တန်းပေးမည်

824

POWER ELEVEN ကုမ္ပဏီမှ (ခ)ယာဉ်မောင်းလိုင်စင် သုံးနှစ်ရှိသူများ အပါအဝင် ယာဉ်လုံးဝမမောင်းတတ်သေးသူ အမျိုးသမီးဦးရေသုံးဆယ်ကို တစ်လလျှင် ထောက်ပံကြေး ကျပ်နှစ်သိန်းပေး၍ ယာဉ်ကြီးများ မောင်းနှင် နိုင်သည်အထိ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် အမျိုးသမီးယာဉ်မောင်းများ မောင်းနှင်နိုင်ရန်နှင့် အမျိုးသမီးများ အလုပ်အကိုင်ရရှိရန်အတွက် (ခ) ယာဉ်မောင်းလိုင်စင်သက်တမ်း သုံးနှစ် ကိုင်ဆောင်ထားသူများအပါအဝင် ယာဉ်မောင်းပညာ လုံးဝမတတ်သည့် အမျိုးသမီးဦးရေသုံးဆယ်ကို တစ်လလျှင် ထောက်ပံကြေး ကျပ်နှစ်သိန်းပေး၍ ယာဉ်မောင်းသင်တန်းသုံးလမှ ခြောက်လအထိ သင်တန်းပေးသွားမည်ဖြစ်ပြီး (ခ)လိုင်စင် သုံးနှစ်ရှိသည့် အမျိုးသမီးယာဉ်မောင်းများမှာ ၂၁ ယာဉ်လိုင်းတွင် မောင်းနှင်ခွင့် ရရှိမည်ဖြစ်ကာ ယာဉ်မောင်းပညာ လုံးဝမတတ်သေးသူများကို ယာဉ်မောင်းလိုင်စင်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း POWER ELEVEN ကုမ္ပဏီမှ သိရသည်။

”YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ အမျိုးသမီးယာဉ်မောင်းတွေ ရှိစေချင်တာရော၊ အမျိုးသမီးတွေ ဝင်ငွေတစ်ခုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေချင်တာရောကြောင့် အခုလိုသင်တန်းပေးတာပါ၊ (ခ)လိုင်စင်ရှိတဲ့ အမျိုးသမီးတွေကိုတော့ ယာဉ်ကြီး ကျွမ်းကျင်အောင်မောင်းနိုင်ဖို့ သင်တန်းပေးပြီး လုံးဝမတတ်တဲ့ အမျိုးသမီးတွေဆိုရင်တော့ ကားကို ကျွမ်းကျင်အောင်မောင်းတတ်ဖို့သင်ပေးပြီး လိုင်စင်ရအောင် ဆောင်ရွက် ပေးမှာပါ၊ လိုင်စင်ရသွားရင် နှစ်မပြည့်သေးခင် အိမ်ကားတို့၊ ကုမ္ပဏီကား တို့မောင်းပြီး ဝင်ငွေရှာလို့ရအောင်လို့ပါ၊ နှစ်ပြည့်တော့မှ YBS၂၁ ယာဉ် လိုင်းမှာ မောင်းချင်ရင် မောင်းလို့ရပါတယ်၊ အယောက်သုံးဆယ်ကိုလည်း လူတွေ့စစ်ဆေးပြီး တကယ်ယာဉ်မောင်းပညာကို စိတ်ဝင်စားပြီး ဖြစ်ထွန်း ချင်စိတ်ရှိတဲ့သူတွေကို ရွေးချယ်မှာပါ၊ သင်နေတဲ့အချိန် ထောက်ပံ့ကြေးပေး တယ်ဆိုတာက သင်တန်းတက်နေတဲ့အချိန် နေရေး၊ စားရေး အဆင်ပြေ အောင် စီစဉ်ပေးတာပါ”ဟု ‘ POWER ELEVEN ကုမ္ပဏီ’ မန်နေဂျင်း ဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

POWER ELEVEN ကုမ္ပဏီမှ ယခုလဆန်းပိုင်းတွင် YBS ယာဉ်မောင်းသင်တန်းဆင်း ဦးရေတစ်ရာကို လက်တွေ့ယာဉ်မောင်းသင်တန်း နှစ်လ သင်ကြားပေးရန် ခေါ်ယူထားရာ လက်ရှိတွင် ဦးရေငါးဆယ်ကို သင်တန်းပေးနေပြီဖြစ်ပြီး ကျန်ရှိသည့် ဦးရေငါးဆယ်ကို မကြာမီ သင်တန်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုထပ်မံ၍ အမျိုးသမီး ယာဉ်မောင်း ဦးရေ သုံးဆယ်ကို ထပ်မံခေါ်ယူသင်တန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

POWER ELEVEN ကုမ္ပဏီတွင် ယာဉ်မောင်းသင်တန်း လျှောက်ထားမည့် အမျိုးသမီးများအနေဖြင့် အသက် နှစ်ဆယ်မှ ၃၅ နှစ်အတွင်း ကန့်သတ်ချက်သာပါဝင်ပြီး ယာဉ်မောင်းပညာကို အမှန်တကယ် စိတ်ပါ ဝင်စားသူ မည်သူမဆို လိုင်စင်ဓာတ်ပုံ သုံးပုံ ၊ မှတ်ပုံတင်၊ သန်းခေါင် စာရင်းမိတ္တူနှင့် လိုင်စင်ရှိပါက လိုင်စင်မိတ္တူနှင့်အတူ ရပ်ကွပ်နေထိုင် ကြောင်း ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာနှင့် အတူ အမှတ်-၂၄၅၊ တော်ဝင်လမ်း၊ ၇ ရပ်ကွက် ရွှေပြည်သာဆေးရုံ အနီး ရွှေပြည်သာမြို့နယ်သို့ လာရောက်လျှောက်ထားနိုင်ကြောင်း သိရ သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here