ယာဉ်မောင်းလေ့ကျင့်ရေး Driving Simulator

287

 

ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ယာဉ်မောင်းလေ့ကျင့်ရေးသင်တန်းကျောင်းတိုင်းတွင် Driving Simulator ကို သုံးစွဲသင်ကြားလေ့ကျင့်ပေးသည်။ Simulator သည် လက်တွေ့ကျွမ်းကျင်မှု Skill အရည်အချင်းတစ်ခုရရှိလာရေးအတွက် ထိရောက်သော လေ့ကျင့်သင်ကြားရေးတွင် မရှိမဖြစ်လိုအပ်သော အရာ ဖြစ်သည်။ Simulation ဆိုသည်မှာ တုပဖန်တီးထားခြင်းဖြစ်သည်။ Driving Simulator သည် ကားတစ်စီးကဲ့သို့ ပုံပန်းသဏ ဥာန်တူပြုလုပ်ထားပြီး တကယ့်ကားအစစ်နှင့်မခြား ကိုင်တွယ်မောင်းနှင်နိုင်သည်။ သို့သော်လည်း ကားလမ်းပေါ်တွင် တကယ်မောင်းနှင်ခြင်းမဟုတ်ဘဲ Game Centre တစ်ခုတွင် ကလေးများ ဆော့ကစားသကဲ့သို့ မြင်တွေ့သိရှိခံစားနိုင်သည်။

Driving Simulator နည်းပညာသည် လေကြောင်း လေ့ကျင့်ပျံသန်း ရေးလေယာဉ်အတု Flight Simulator မှ စတင်ခဲ့သည်။ လေယာဉ် Pilot တစ်ဦးဖြစ်မြောက်လာရေးအတွက် လေယာဉ်မောင်းလေ့ကျင့်ရေး သင်တန်းကျောင်းများတွင် မြေပြင်သင်ခန်းစာများကို လေယာဉ်အတုနှင့် လေ့ကျင့်ရသည်။ လေယာဉ်အတုတွင် လေယာဉ်အစစ်ကဲ့သို့ မီတာ ဒိုင်ခွက်မျိုးစုံ၊ ခလုတ်မျိုးစုံပါသော Cockpit နှင့် လေယာဉ်မောင်းနှင်ရာ တွင် သုံးစွဲသော ကိရိယာမျိုးစုံကို တပ်ဆင်ထားသည်။ လေယာဉ် အစစ်ပေါ်သို့ တက်ရောက်လေ့ကျင့်မှုမလုပ်မီ မြေပြင်သင်ခန်းစာများ သင်ကြားစဉ်ကပင် လေယာဉ် Cockpit အခြေအနေနှင့် ထိန်းချုပ်ကိုင် တွယ်မှုကို အကျွမ်းတဝင်ဖြစ်စေရန် Simulator နှင့် လေ့ကျင့်ရသည်။

လေကြောင်းပျံသန်းမှု လေ့ကျင့်ရေးကျောင်းများတွင် Simulator ကို စတင်အသုံးပြုခဲ့သော်လည်း ယာဉ်မောင်းသင်တန်းကျောင်း (Driving Training School) များတွင် Simulator ကို ၁၉၈၅ ခုနှစ်လောက်မှ အသုံးချလာနိုင်သည်။ Driving Simulator သည် ယာဉ်မောင်းလက်တွေ့ သင်ကြားရေးတွင် ထိရောက်မှုရှိပြီး သင်တန်းသားများကလည်း တတ် မြောက်မှုမြန်ဆန်သည်။ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအားနည်းသော လူငယ်ယာဉ်မောင်းများသည် လမ်းပေါ်၌ အန္တရာယ်အကျပ်အတည်း အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရပါက ဘာဆက်လုပ်ရမည်မှန်း မသိဘဲ အချိန်တိုစက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက် မချနိုင်ဘဲရှိတတ်သည်။

Simulator နှင့်လေ့ကျင့်ထားပါက ဘေးအန္တရာယ်ရှိသော အခြေ အနေတွင် အသက်ဘေးမှ လွတ်မြောက်ရန်၊ သို့မဟုတ် ယာဉ်တိုက်မှုမှ ရှောင်တိမ်းနိုင်သော အကောင်းဆုံးအခွင့်အရေးကို အသုံးချပြီး ယာဉ်ကို ကျွမ်းကျင်စွာ ထိန်းကျောင်းနိုင်သည့် အရည်အချင်းများ တိုးတက်လာမည်။ ယာဉ်တိုက်မှုဖြစ်နိုင်သော ဘေးကျပ်နံကျပ် အခြေအနေအမျိုးမျိုးကို Simulator ပေါ်တွင် ဖန်တီးယူပြီး အကြိမ်ကြိမ်ထပ်ကာထပ်ကာ လေ့ကျင့် နိုင်သည်။ Simulator ပေါ်တွင် ဖြစ်ပွားသော ယာဉ်တိုက်မှုသည် ပကတိ မြေပြင်ပေါ်တွင် တကယ်ဖြစ်ပွားခြင်း မဟုတ်၍ ပျက်စီးဆုံးရှုံးမှု မရှိပါ။

Simulator များ အသုံးပြု၍ ယာဉ်မောင်းများကို လေ့ကျင့်သင်ကြား ရာတွင် ယာဉ်မောင်းအသစ်များကို စတင်လေ့ကျင့်ရာတွင်သာမက ထရပ်ကားကြီးများ၊ ခရီးသည်တင်ဘတ်စ်ကားများ၊ Tractor/Trailer အတွဲကားကြီးများ၊ အရေးပေါ်တုံ့ပြန်ရေးယာဉ်များ၊ မီးသတ်ကားများ၊ ရဲကားများ၊ ကရိန်းကားများကဲ့သို့ Heavy Equipment ကားများ စသော ယာဉ်အမျိုးမျိုးအတွက် အထူးပြု ထပ်မံလေ့ကျင့်သင်ကြားရသော Training များတွင် အထူးတည်ဆောက်ထားသည့် Simulator များကို အသုံးပြုသည်။
.
Driving Simulator များကို အသုံးပြု၍ လေ့ကျင့်သင်ကြား ပေးခြင်းသည် လူသစ်တန်း အလုပ်သင် ယာဉ်မောင်းလူငယ်များကို ဆွဲဆောင်မှုရှိပြီး ထိရောက်သော လေ့ကျင့်သင်ကြားနည်းဖြစ်ကြောင်း တွေ့ရှိရသည်။Simulator ကို လက်တွေ့သုံး၍ လေ့ကျင့်ပေးခြင်းသည် သင်တန်းနည်းပြဆရာက စာတွေ့သာပြောဆို ရှင်းပြနေခြင်းထက် မော် တော်ယာဉ်ထိန်းကျောင်းကိုင်တွယ်ပုံ နည်းစနစ်များကို ပိုမိုစွဲမြဲစွာ တတ် မြောက်လွယ်သည်။

Driving Simulator ကို ထိရောက်စွာ အသုံးပြု၍ လေ့ကျင့်သော အခြားနယ်ပယ်တစ်ခုမှာ Motor Sport Field ဖြစ်သည်။ အကောင်းဆုံးပြိုင် ကားမောင်း အားကစားတစ်ဦးဖြစ်ရန် လေ့ကျင့်ရသည်။ နည်းပညာ တိုး တက်နေသော မျက်မှောက်ခေတ်တွင် Motor Racing Simulator များသည် ကွန်ပျူတာနည်းပညာရပ်များ၏ ပံ့ပိုးမှုကြောင့် ပကတိကား မောင်းပြိုင်ကွင်းအတွင်း၌ မောင်းနှင်ရသော ခံစားမှုမျိုးကို ပေးနိုင်သည်။

မော်နီတာ Screen တွင် မြင်တွေ့ရသော Virtual Image များသည် 180°, 3D ပုံရိပ်များဖြစ်၍ Simulator ကို သုံးစွဲလေ့ကျင့်နေသူ ယာဉ် မောင်းသည် ပကတိသဘာဝအတိုင်း မြင်တွေ့ခံစားနိုင်မည်။ ကွန်ပျူ တာအစွမ်းကြောင့် အသံများနှင့် တုန်ခါမှုတို့ကို ထိတွေ့ခံစားရသည် မှာလည်း ကားမောင်းပြိုင်ကွင်းထဲတွင် တကယ့်ပြိုင်ကားတစ်စီးကို မောင်းနေရသည့်အလား ထပ်တူနီးပါးဖြစ်ပေါ်စေသည်။ ထို့ကြောင့် Racing Simulator နှင့် လေ့ကျင့်နေခြင်းသည် တာယာပွန်းစားမှုလောင် စာဆီကုန်ကျမှု၊ Tracking Fees ပေးဆောင်ရမှုများ သက်သာစေသည့် အပြင် ပြိုင်ကားပြင်ဆင်ထိန်းသိမ်းစရိတ်လည်း လျော့နည်းစေသည်။

Driving Simulators များကို သုတေသနလုပ်ငန်းပယ်များတွင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးချသည်။ အချို့သော မော်တော် ယာဉ်ထုတ်လုပ်သူများကလည်း Driving Simulators ကို ဒရိုင်ဘာများ၏ အပြုအမှုနှင့် တုံ့ပြန်မှုများကို လေ့လာစမ်းသပ်ရန်အတွက် အသုံးပြုသည်။ တက္ကသိုလ်ကြီး အတော်များများတွင်လည်း သုတေသနပြု စမ်းသပ်ရှာ ဖွေရာတွင် Simulators များကို အသုံးပြုနေကြသည်။

ဒရိုင်ဘာတစ်ဦး၏ အပြုအမူနှင့် စိတ်ခံစားတုံ့ပြန်မှုများသည် ပတ် ဝန်းကျင်အခြေအနေ၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် ထိုဒရိုင်ဘာ၏ ကျန်းမာရေးအခြေအနေများအပေါ်တွင် မူတည်ပြီး ပြောင်းလဲနေသည်။ ထို့ပြင် ဒရိုင်ဘာသည် အရက်သေစာနှင့် မူးယစ်ဆေးဝါများ သုံးစွဲထားမှု များအပေါ်တွင်လည်း၊ ထိုသူ၏ ယာဉ်မောင်းနှင်မှု အပြုအမူများနှင့် တုံ့ပြန်မှုများက ပြောင်းလဲနိုင်သည်။ Driving Psychology ကို လေ့လာ ရာတွင် Simulators များသည် သုတေသနပညာရှင်များ၏ အားထားရာ ဖြစ်သည်။ လူတစ်ယောက်၊ လူတစ်ဦးချင်းစီ၏ စိတ်အခြေအနေနှင့် အပြု အမူတုံ့ပြန်မှုများသည် မတူညီနိုင်၍ ဒရိုင်ဘာတို့၏ Driving Psychology ကို လေ့လာရာတွင် Virtual World ၌ လေ့လာပါက ပိုမို၍ လွယ်ကူ သည်။ ပျမ်းမှျရလဒ်အခြေအနေ တစ်ခုကိုရရှိရန် ထပ်ကာထပ်ကာ စမ်းသပ်ခြင်းကို Driving Simulator ဖြင့်သာ ဆောင်ရွက်နိုင်သည်။

ယနေ့ခေတ်ပေါ်ကားများတွင် နည်းပညာအသစ်အဆန်းများ ထည့် သွင်းတည်ဆောက်ထုတ်လုပ်ထားပြီး ယာဉ်မောင်းအထောက်အကူပြု အဆင့်မြင့်စနစ်များ၊ ADAS (New Advanced Driver Assistance System) နည်းပညာများကို ယာဉ်မောင်းများ မည်မျှအတိုင်းအတာအထိ အသုံးပြုနိုင်သည်။ မည်ကဲ့သို့ တုံ့ပြန်သည်။ သူတို့၏ ပါဖော်မန့် (Performance) နှင့် အာရုံစူးစိုက်မှုမည်မျှရှိသည်တို့ကို လေ့လာဖော်ထုတ် နိုင်ရန်အတွက် Simulators များကို အသုံးပြုမှ ရရှိနိုင်သည်။

Driving Simulators များ၏ အသုံးဝင်မှု နယ်ပယ်ဧရိယာသည် များပြားလှသည်။ သာမန်အားဖြင့် Simulators များကို ယာဉ်မောင်းလေ့ ကျင့်မှုစတင်သင်ယူသူများအတွက်သာဖြစ်သည်ဟု ထင်စရာရှိသည်။ Simulator များကို အခြားအသုံးပြုနိုင်သော နေရာများမှာ-
– တကယ့်အကျဉ်းအကျပ်အခြေအနေများတွင် ယာဉ်မောင်းနှင်မှုပုံစံကို လေ့ကျင့်ယူခြင်း၊
– ထိုးစစ်ဆင်ရသော စစ်မြေပြင်များတွင် အမြောက်နှင့် ယန္တရားတပ်မှ ရှေ့တန်းယာဉ်မောင်းများကို လေ့ကျင့်သင်ကြားခြင်း၊
– မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်အမျိုးမျိုး မီးလောင်မှုဖြစ်ပွားနေသော ဧရိယာအတွင်း၌ အခက်အခဲများကို ကျော်လွား၍ မောင်းနှင်တတ် စေရန်လေ့ကျင့်သင်ကြားခြင်း၊
– ယာဉ်မောင်းသူတို့၏ အပြုအမူများကို လေ့လာဆန်းစစ်ရန် ခွဲခြမ်း စိတ်ဖြာသုတေသနပြုခြင်း၊
– ယာဉ်မောင်းသူတို့၏ တုံ့ပြန်မှုမျိုးစုံကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊
– User ပါဖော်မန့်များကို လေ့လာခြင်း၊
– ကွဲပြားခြားနားသော လမ်းအခြေအနေအမျိုးမျိုးတွင် User တစ်ဦး ၏ ထိန်းကျောင်းကိုင်တွယ်မှု လုပ်ဆောင်ချက်များ အဆင့်ဆင့်ပြောင်း လဲတိုးတက်လာမှုကို လေ့လာအကဲဖြတ်ခြင်း။

Simulator အသုံးချသော နေရာကိုမူတည်၍ Simulator အမျိုး အစားများ ကွဲပြားခြားနားသည်။
Modular Design Simulator – အထူးပြုမွမ်းမံ၍ ထပ်မံလေ့ကျင့် ပေးရသော ယာဉ်အမျိုးအစားများအတွက် ကျွမ်းကျင်ယာဉ်မောင်းများ လေ့ကျင့်သင်ကြားရာတွင် အသုံးပြုသည်။ ကွန်တိန်နာတင် Tractor/Tailer အတွဲယာဉ်ကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ယန္တရား ကြီးများ၊ လေယာဉ်ကွင်းသုံးဆွဲကားများ၊ အရေးပေါ်တုံ့ပြန်ရေးကားများ၊ ကရိန်းကားကြီးများ၊ မူခင်းဖြိုခွင်းသော ရဲကားများ စသောအထူးယာဉ် ကြီးများအတွက် သီးသန့်ယာဉ်မောင်းများ လေ့ကျင့်သင်ကြားရာတွင် သုံးသည်။

Multi Station Driving Simulator – ယာဉ်မောင်းသင်တန်းသား အများအပြားကို သင်တန်းနည်းပြဆရာမှ တစ်ပြိုင်နက်တည်း လေ့ကျင့် သရုပ်ပြသင်ကြားရာတွင် သုံးသည်။

Bus Simulator – ခရီးဝေးသွား အထူးဘတ်စ်ကားများအတွက် သီးသန့်လေ့ကျင့်ပေးသော အဆင့်မြင့်ယာဉ်မောင်းများ သင်ကြားလေ့ ကျင့်ရေးတွင် အသုံးပြုသည်။

Professional Simulator-Motorsport ပြိုင်ပွဲများအတွက် Racing Team များကို လေ့ကျင့်ရာတွင် သုံးသည်။ အဆင့်မြင့်ကားပြိုင်ပွဲ အားကစားဒရိုင်ဘာများ ကို စံချိန်တင်ပေးနိုင်ရန် လေ့ကျင့်ပေးရသည်။

Simulator ကိုသုံး၍ ယာဉ်မောင်းလေ့ကျင့်ပေးခြင်းသည် ယာဉ် တိုက်မှုများ လျော့ကျစေနိုင်ကြောင်း ၂ဝဝ၉ ခုနှစ်က လေ့လာတွေ့ရှိခဲ့ သည်။ အမေရိကန် California Commission မှ လေ့လာမှုတစ်ခုတွင် Simulator ကို အသုံးပြုသော ယာဉ်မောင်းလေ့ကျင့်ရေး ကျောင်းဆင်း ဒရိုင်ဘာများသည် ယာဉ်တိုက်မှု ၁ဝ ရာခိုင်နှုန်းအထိ ေလျာ့နည်းေအာင် ေမာင်းနိုင်စွမ်းရှိေြကာင်း ေတွ့ရှိေဖာ်ထုတ်နုိင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here