ယာဉ်မောင်းလိုင်စင် ကနဦးဖြေဆိုမည့်သူများအားလုံး ဖြေဆိုမည့်ရက်ချိန်းရယူခြင်းကို အွန်လိုင်းတွင်သာ လျှောက်ထားရမည်

941

ယာဉ်မောင်းလိုင်စင် ကနဦးဖြေဆို မည့်သူများအားလုံး ဖြေဆိုမည့် ရက်ချိန်းရယူခြင်းကို အွန်လိုင်းတွင် သာ လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

ယာဉ်မောင်းလိုင်စင် ကနဦး ဖြေဆိုမည့်သူများ ဖြေဆိုမည့် ရက်ချိန်းကို အွန်လိုင်းမှ လျှောက်ထား ခြင်းစနစ် စတင်ခဲ့သည့် အောက် တိုဘာ ၁ ရက်မှစ၍ ယာဉ်မောင်း လိုင်စင် ကနဦးဖြေဆိုမည့်သူများ အားလုံး အွန်လိုင်းမှ လျှောက်ထား ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

”ဘယ်လို ယာဉ်မောင်းလိုင် စင်ဖြစ်ဖြစ် ကနဦးဖြေဆိုမယ့်သူ အားလုံး အွန်လိုင်းကနေပဲ ရက် ချိန်းယူရမှာပါ၊ အွန်လိုင်းအသုံးပြု တတ်တဲ့ သူကတော့ အိမ်ကနေ ရက်ချိန်းယူလို့ ရပါတယ်၊ တချို့ မသုံးတတ်တဲ့သူတွေကတော့ ရုံး လာပြီးလျှောက်ထားလို့ ရပါတယ်၊ ဒီလူတွေကိုလည်း ရုံးက ဝန်ထမ်း တွေက အွန်လိုင်းကနေ ယာဉ် မောင်းလိုင်စင်ဖြေဆိုဖို့ ရက်ချိန်းယူ ပေးမှာ ဖြစ်ပါတယ်၊ ဖြစ်သင့်တာက အခုလို အွန်လိုင်းရက်ချိန်းယူတာ ကို သင်တန်းဆင်းခဲ့တဲ့ သက်ဆိုင် ရာ သင်တန်းကျောင်းကနေ လုပ် ဆောင်ပေးရမှာပါ၊ အွန်လိုင်းက ရက်ချိန်းမယူတတ်တဲ့သူတွေ သက် ဆိုင်ရာသင်တန်းကျောင်းကို လျှောက် ခိုင်းစေချင်ပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယာဉ်မောင်းလိုင်စင် ကနဦး ဖြေဆိုမည့်သူများကို ယခင်က တစ် ရက်လျှင် လူဦးရေသုံးရာသာဖြေဆို ခွင့်ပြုခဲ့သော်လည်း ယခု ယာဉ် မောင်းလိုင်စင် ကနဦးဖြေဆိုရန် အွန် လိုင်းမှ လျှောက်ထားသည့်စနစ် စတင်ကျင့်သုံးချိန်မှစ၍ တစ်ရက် လျှင် လေးကြိမ်ခွဲ၍ ဦးရေလေးရာ ဖြေဆိုခွင့်ပြုထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနတွင် ယာဉ်မောင်းလိုင်စင် ကနဦး (ရေး/ဖြေ) ဖြေဆိုမည့်သူများအနေ ဖြင့် www.rtad.gov.mm  ၌ ဝင်ရောက်၍ လိုအပ်သည့် အချက် အလက်များ ဖြည့်စွက်ကာ ဖြေဆို မည့်ရက်ချိန်းကို လျှောက်ထားနိုင် မည်ဖြစ်ပြီး ဖြေဆိုခွင့်ကို သုံးရက် အကြာတွင် ရရှိမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here