ယာဉ်မောင်းလိုင်စင်အတုပြုလုပ်သူများနှင့် ယာဉ်မှတ်ပုံတင်အတုပြုလုပ်သူများကို ဖမ်းဆီးရမိ

957

ရန်ကုန်၊ ဇွန်

ယာဉ်မောင်းလိုင်စင်အတုပြုလုပ်သူများနှင့် ယာဉ်မှတ်ပုံတင်အတုပြုလုပ်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ရာတွင် ဦးဆောင်သူတစ်ဦးအပါအဝင် တရားခံ ၄ ဦးကို ဖမ်းဆီးရမိခဲ့သလို ယာဉ်မှတ်ပုံတင်အတုပြုလုပ်သူ ၆ ဦးတွင် ၅ ဦး ဖမ်းဆီးရမိခဲ့သည်။

ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် ဦးဆောင်သူမှာ Wai Yan ဆိုသည့် Facebook အကောင့်ပိုင်ရှင် မြင့်အောင်(ခ)အောင်အောင် ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်သည့်ပစ္စည်းများကို တရုတ်နိုင်ငံမှ ဝယ်ထားခြင်းဖြစ်သည်။ တရားခံများကို ဖမ်းဆီးရမိခဲ့ရာတွင် သက်သေခံပစ္စည်းများအဖြစ် Toyota Alphard ၊ Micro Bus ၊ Toyota Mark II Saloon ၁ စီးစီ နှင့် Laptop ၆ လုံး၊ Colour Printer ၃ လုံး၊ Smart Card ထုတ်စက် ၃ လုံး၊ ကျောက်ကြည့် ဓာတ်မီး ၂ ခု၊ NF တံဆိပ်ပါ ယာဉ်မောင်းလိုင်စင်ကဒ်တွင် မြုပ်ထားသော Data စစ်ဆေးသည့် စက် ၁ လုံး၊ 5P/9750 (YGN) ယာဉ်နံပါတ်ပါ ကား 3D ဓာတ်ပုံ ၁ ခု၊ မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်တင် ပို့ဆောင်ရေးဘောင်ချာစာရွက် (လိုင်စင်ကဒ်များနယ်ပို့) ၄ ရွက်၊ 5P/9750 နံပါတ်ပါ မှန်ကဒ်စတေကာ ၉ ခု၊ နယူး မန္တလာထွန်း အဆင့်မြင့်ခရီးသည်တင်ပို့ဆောင်ရေးဘောင်ချာစာရွက် ၂ ရွက်၊ ရွှေမန္တလာထွန်းမှ ပို့ဆောင်ရေးဘောင်ချာစာရွက် ၁ ရွက်၊ ရွှေမန္တလာမှ ပို့ဆောင်ရေးဘောင်ချာ ၉ ရွက်၊ High Class အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဘောင်ချာစာရွက် ၁ ရွက်၊ သက်သေခံလက်မှတ်အတုပြုလုပ်ရန် Print ထုတ်ပြီး ၂၇ ရွက်၊ Computer Photo Software အခွေ ၆ မျိုး၊ သက်သေခံလက်မှတ် VIS ထုတ်ယူရာတွင် အသုံးပြုစာရွက်ထုပ် ၅ ထုပ်၊ စာရွက်ဖြတ် Cutter ၁ ခု၊ ယာဉ်မောင်းလိုင်စင် အတု ၁၆ ခု၊ ASURE ID7 တံဆိပ်ပါ Software အခွေ ၂ ခု၊ ဖောင်းကြွနံပါတ်ပြား ၇ ချပ်၊ International Automobile Association Inc လိုင်စင်များတွဲလျက်ပါစာအုပ် ၁၆ အုပ်၊ 6H/3140(YGN) Toyota Wish ANGII ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ် ၁ စောင်၊ စမတ်ကဒ်ထုတ်ရာတွင် အသုံးပြုကဒ်(PVC)အလွတ် ၂၁ဝဝ ခု၊ စမတ်ကဒ်တွင် လူပုံပါပြီး အချက်အလက်မပါ ကဒ်ပျက် ၆၅ဝ ခု၊ စမတ်ကဒ်အား လိုင်စင်ထုတ်ရာမှ ပျက်စီးကဒ် ၁၅ဝ ခု၊ စမတ်ကဒ်ပြုလုပ်သည့် ပရင်တာဆေးဘူး ၄၅ ဘူး စသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here