ယာဉ်မောင်းလိုင်စင်အတုပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ကို ထပ်မံဖမ်းဆီးရမိ

729

ရန်ကုန်၊ ဇွန် ၂၇
ယာဉ်မောင်းလိုင်စင်အတု ပြုလုပ် သည့် အဖွဲ့တစ်ဖွဲ့ကို ထပ်မံ၍ ဖမ်း ဆီးရမိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက ယာဉ်မောင်းလိုင်စင်အတု ပြုလုပ် ရောင်းချသောအဖွဲ့မှ ဦးဆောင်သူ Wai Yan ဆိုသည့် Facebook အကောင့်ပိုင်ရှင်အပါအဝင် တရားခံ ၁ဝ ဦး ဖမ်းဆီးရမိခဲ့ရာ ယခု ဇွန်လ ၂၃ ရက်တွင်လည်း နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို ထပ်မံဖမ်းဆီးရ မိခဲ့ခြင်း ဖြစ်သည်။
‘‘ယာဉ်မောင်းလိုင်စင် အတု ပြုလုပ်တဲ့ နောက်ထပ်အဖွဲ့ကို ဦး ဆောင်တဲ့ Nyi Lay Nyo ဆိုတဲ့ Facebook အကောင့်ပိုင်ရှင် စိုး သီဟ(ခေါ်)မောင်လေးကို ဒဂုံတက္က သိုလ်အနီးဝန်းကျင်မှာ ဖမ်းဆီးရမိ ခဲ့ပါတယ်၊ ဆက်စပ်တရားခံတွေဖြစ် တဲ့ ဇွဲသက်ပိုင်(ခ)စိုင်းဝဏ္ဏနဲ့ အေးအေးသင်း(ခ)သက်မှူးဆံတို့ကို ဇွန် ၂၄ ရက် မနက်ပိုင်းက နေပြည် တော်၊ ပျဉ်းမနားမြို့မှာ ထပ်မံဖမ်း ဆီးရမိခဲ့ပါတယ်’’ဟု ကုန်းလမ်းပို့ ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ယာဉ်မောင်းလိုင်စင် အတုပြုလုပ်ရောင်းချသူများကို ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ က အသွင်ယူ ပူးပေါင်းပြီး ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။ တရားခံစိုင်းဝဏ္ဏ ဦးဆောင်သောအဖွဲ့ကို သက်သေခံ ပစ္စည်းများအဖြစ် VIS မပြုလုပ် ရသေးသော စတစ်ကာများ၊ VIS ပြုလုပ်ပြီးသော စတစ်ကာများ၊ ဘီးခွန်နှင့် ပတ်သက်သည့် စည်ပင် ဘီးခွန်ပြုလုပ်ထားသော စာရွက်စာ တမ်းများ၊ Colour Printer ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မှတ်ပုံတင်မဲ့ယာဉ် 6D/9698 တစ်စီး၊ မှတ်ပုံတင်အတုလေးခု၊ သင်မောင်း နှင့် ယာဉ်မောင်းလိုင်စင် နှစ်ခုတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ယာဉ်မောင်းလိုင်စင်ပြုလုပ်သူများကို အသွင်ယူပူးပေါင်းပြီး ဖမ်းဆီးခဲ့ရာတွင် တစ်လအတွင်း ယာဉ်မောင်းလိုင်စင် အတုပြုလုပ်သူ ၁၃ ဦး ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here