ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ ဖြေဆိုမည့်ရက် သုံးရက်ကြို၍ အွန်လိုင်းမှ လျှောက်ထားနိုင်

1924

ယာဉ်မောင်းလိုင်စင် ကနဦးဖြေဆို မည့်သူများအတွက် ဖြေဆိုမည့် ရက်ချိန်းရယူခြင်းကို သုံးရက်ကြို၍ အွန်လိုင်းမှ လျှောက်ထားနိုင်မည် ဖြစ်ပြီး ရက်ချိန်းလျှောက်ထားခြင်း ကို အောက်တိုဘာ ၁ ရက်မှ စတင်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနတွင် ယာဉ်မောင်းလိုင်စင်ကနဦး (ရေး/ဖြေ) ဖြေဆိုမည့်သူများအနေ ဖြင့်www.rtad.gov.mm ဝက်ဘ် ဆိုက်သို့ ဝင်ရောက်၍ လိုအပ်သည့် အချက်လက်များဖြည့်စွက်ကာ ဖြေ ဆိုမည့်ရက်ချိန်း လျှောက်ထားနိုင် မည်ဖြစ်ပြီး ဖြေဆိုခွင့်ကို သုံးရက် အကြာတွင် ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

”ယာဉ်မောင်းလိုင်စင် ဖြေဆို တဲ့သူတွေကို စောင့်ဆိုင်းရတာတွေ၊ အချိန်ကြန့်ကြာမှုတွေ မဖြစ်စေဖို့ ဖြေမယ့်ရက်ကို ရက်ချိန်းယူလို့ရ  အောင် စီစဉ်ထားတာပါ၊ ဘယ် ယာဉ်မောင်းလိုင်စင်ဖြစ်ဖြစ် ကနဦး ဖြေဆိုမယ့်သူတွေအားလုံး ဖြေဆို မယ့်ရက်ချိန်းကို အောက်တိုဘာ ၁ ရက်ကစပြီး အွန်လိုင်းကနေ ရက် ချိန်းယူလို့ရပါပြီ၊ အောက်တိုဘာ ၁ ရက်မှာ ရက်ချိန်းယူတဲ့သူကတော့ အခုမှ စလုပ်တာ ဖြစ်တဲ့အတွက် လျှောက်တဲ့သူရဲ့ အချက်အလက် တွေ အားလုံးကို အစကနေ စစ် ဆေးရမှာဖြစ်လို့ ဖြေဖို့ရက်ချိန်းကို ၉ ရက်နေ့မှ စရမယ်၊ ဒီနောက်ပိုင်း ကိုတော့ လျှောက်ပြီးသုံးရက်အကြာ မှာ ဖြေဆိုဖို့ ရက်ချိန်းရမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲ(ရွာသာကြီး) မှ သိရသည်။

အွန်လိုင်းမှ လျှောက်ထားခြင်း ကို (ခ) ယာဉ်မောင်းလိုင်စင်၊ (ဃ) ယာဉ်မောင်းလိုင်စင်၊ (င) ယာဉ် မောင်းလိုင်စင် ကနဦးရေး/ဖြေ ဖြေ ဆိုမည့် မည်သူမဆို လျှောက်ထား နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယာဉ်မောင်းလိုင်စင် ကနဦး ဖြေဆိုမည့်သူများကို တစ်ရက်လျှင် လူဦးရေသုံးရာသာ ဖြေဆိုခွင့်ပြု ထားသဖြင့် ဖြေဆိုရန် လာရောက် ရာတွင် သတ်မှတ်ထားသည့် လူဦး ရေပြည့်သွားသည့်အတွက် ယင်း နေ့၌ ဖြေဆိုခွင့်မရရှိဘဲ ပြန်ရသည် များမဖြစ်စေရန် ဖြေဆိုမည့်ရက်ကို အွန်လိုင်းမှ ကြိုတင်လျှောက်ထား ကာ ရက်ချိန်းရယူ၍ မိမိရရှိထား သည့်ရက်ချိန်းရောက်မှသာ လာ ရောက် ဖြေဆိုရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

(ခ) ယာဉ်မောင်းလိုင်စင် ကနဦး ဖြေဆိုမည့်သူများအနေဖြင့် သင်တန်း ဆင်းလက်မှတ်၊ သုံးလ သက်တမ်း ရှိ သင်မောင်းလိုင်စင်၊ မှတ်ပုံတင် မူရင်းနှင့်တကွ မိတ္တူတို့ကို ယူ ဆောင်လာ၍ ဖြေဆိုရမည် ဖြစ် ကြောင်း သိရသည်။ (ဃ) လိုင် စင်နှင့် (င) လိုင်စင် ကနဦးဖြေဆို မည့်သူများအနေဖြင့် သက်ဆိုင်ရာ ကညနခရိုင်ရုံးများမှ ထောက်ခံချက် နှင့်အတူ (ဃ) လိုင်စင်အတွက် သက်တမ်းသုံးနှစ်ရှိ (ခ) လိုင်စင်ပါရှိ ရမည်ဖြစ်ပြီး (င) လိုင်စင်အတွက် ၂ နှစ်သက်တမ်းရှိ (ဃ) လိုင်စင် (သို့မဟုတ်) ငါးနှစ် သက်တမ်းရှိ (ခ) လိုင်စင်နှင့်အတူ မှတ်ပုံတင် မူရင်းနှင့်တကွ မိတ္တူပါ ယူဆောင် လာ၍ဖြေဆိုရမည်ဖြစ်ကြောင်း သိရ သည်။

ကြည်ပြာ

 

LEAVE A REPLY

Please enter your comment!
Please enter your name here