ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်များကို သြဂုတ်လမှစ၍ ပြန်လည်ခွင့်ပြုပေးမည်ဖြစ်သော်လည်း ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် (ခ)လိုင်စင်ဖြေဆိုခွင့်ရဦးမည် မဟုတ်သေး

371

 

ရန်ကုန်၊ ဇူလိုင်
ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်များ ကို သြဂုတ်လမှစ၍ ပြန်လည်ခွင့်ပြု ပေးမည်ဖြစ်သော်လည်း ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် (ခ)လိုင်စင်ဖြေဆိုခွင့် ရဦးမည်မဟုတ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန် ကြားမှုဦးစီးဌာနမှ သိရသည်။

သြဂုတ် ၄ ရက်မှစ၍ နေပြည်တော်ရုံးနှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များအားလုံးတွင် ယာဉ်မောင်းလိုင်စင် အမျိုးအစား အားလုံး ဖြေဆိုခွင့်ပေးမည်ဖြစ်သည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီး လက်အောက်ခံရုံးများတွင်မူ (ခ)လိုင်စင်ဖြေဆိုသူများမှာ အခြား လိုင်စင်ဖြေဆိုမည့်သူများထက် လူဦးရေ ပိုမိုများပြားသဖြင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းပညာပေး ရက်တိုသင်တန်းများ ဖွင့်လှစ်ခြင်း၊ ယာဉ်မောင်းစစ်ဆေးဖြေဆိုခြင်းများ တွင် လူစုလူဝေးဖြစ်ပေါ်နိုင်ခြင်းကြောင့် (ခ)လိုင်စင်ဖြေဆိုခွင့်ပြုခြင်း မှလွဲ၍ ကျန်ယာဉ်မောင်းလိုင်စင် အမျိုးအစားအားလုံးကို Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးလက်အောက်ခံရုံးများဖြစ်သော မန္တလေးခရိုင်ရုံးနှင့် မြောက်ပိုင်းခရိုင်ရုံးတို့တွင် လူစုလူဝေးမဖြစ်စေရန် ရည်ရွယ်၍ (က)နှင့် (ခ)ယာဉ်မောင်းလိုင်စင်မှအပ ကျန်ယာဉ်မောင်းလိုင်စင်များကို ဖြေဆို ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ လူစုလူဝေး မဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့ အကန့်အသတ်နဲ့ ပြန်ဖွင့်ရတာ ဖြစ်ပါတယ်၊ အဓိကအနေနဲ့ ရန်ကုန်နဲ့ မန္တလေးရုံးတွေမှာ (ခ)ယာဉ်မောင်း လိုင်စင်ဖြေဆိုတဲ့သူများတဲ့အတွက် လတ်တလောမှာ ကိုဗစ်ရောဂါကာ ကွယ်ထိန်းချုပ်ရေးအနေနဲ့ ဒီလုပ် ငန်းတွေကို ထပ်ပြီး ဆိုင်းငံ့ထားရတာ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Covid-19 ရောဂါ မပြန့်ပွားစေရန်အတွက် ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီးတို့တွင် လုပ်ငန်းပမာဏနှင့် လုပ်ငန်းလာရောက်ဆောင်ရွက်သူ အင်းအားမျှတ၍ နိုင်နင်းစွာ ဆောင်ရွက်နိုင်သည့် အချိန်တွင် (က)နှင့် (ခ)ယာဉ်မောင်းလိုင်စင် အသစ်ဖြေဆိုခြင်းများကို ပြန်လည် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here