ယာဉ်မတော်တဆမှုဖြစ်စေသည့် ချိုင့်ခွက်များ အမြန်ပြုပြင်ရန် ဗြိတိန်အစိုးရကို တိုက်တွန်း

139
File photo dated 16/2/11 of a car passing a pothole on University Avenue in Glasgow Scotland. Councils need as much as £10.5billion to bring Britain's 'crumbling roads' back to a good condition according to a report. PRESS ASSOCIATION Photo. Issue date: Wednesday March 13, 2013. See PA story TRANSPORT Potholes. Photo credit should read: Danny Lawson/PA Wire

 

ဗြိတိန်တစ်ဝန်းလုံးရှိ ကားလမ်းမ များပေါ် ချိုင့်ခွက်များစွာဖြစ်ပေါ် နေခြင်းကြောင့် တန်ဖိုးရှိလှသည့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိရာ ယာဉ်မတော်တဆမှု လျော့ကျသွားစေရန် အဆိုပါ ချိုင့် ခွက်များအား အမြန်ဆုံးပြုပြင်ဖာ ထေးရန် ဗြိတိန်အစိုးရကို ပြည် သူများက တိုက်တွန်းနေသည်ဟု The Sun သတင်းစာက ဇူလိုင် ၁၉ ရက်တွင် ဖော်ပြသည်။

ဗြိတိန်အခြေစိုက် The Automobile Association(AA) မှ ကောက်ယူသော အချက်အလက် များအရ ကားလမ်းမပေါ်မှ ချိုင့် ခွက်များကြောင့် လစဉ်လတိုင်း ကားအစီးရေလေးထောင်ခန့် ဆိုး ဆိုးရွားရွားပျက်စီးကာ ကားပြုပြင် စရိတ်များစွာ ကုန်ကျနေရသည်။ ဗြိတိန်အစိုးရအနေဖြင့် ကားလမ်း မများပျက်စီးမှုကို ပြုပြင်ရန်၊ ချိုင့် ခွက်သန်းငါးဆယ်ခန့်အား ပြန် လည်ဖာထေးရန် ၂ဝ၂၁ ခုနှစ်မှ စတင်ကာ နောက်ငါးနှစ်အတွင်း ပေါင် ၂ ဒသမ ၅ ဘီလျံ သုံးစွဲသွား မည်ဟု အတည်ပြုထားသည်။

သို့သော်လည်း လတ်တလော တွင် ကားလမ်းမအဆင့်မမီမှုကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားကာ လူသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေ ခြင်းကြောင့် ၂ဝ၂၁ အထိမစောင့် ဘဲ အမြန်ဆုံးပြုပြင်ပေးရန် ကွန်ဆာဗေးတစ်ပါတီမှ အောက်လွတ်တော်အမတ် Huw Marriman ၊ AA ဥက္က႒ Edmund King တို့က တိုက်တွန်းလိုက်သည်။ Marriman က ယခုလအစောပိုင်းအတွင်း ပြောကြားမှုအရ ကားလမ်းမများပေါ်မှ ချိုင့်ခွက်များကြောင့် ၂ဝဝ၉ မှ ၂ဝ၁၈ ခုနှစ်အတွင်း စက်ဘီးစီးသူ ၂၄ ဦးအထိသေဆုံးခဲ့ကြောင်း သိ ရသည်။

အောက်လွတ်တော် သယ်ယူပို့ဆောင်ရေးကော်မတီဥက္က႒ဖြစ်သူ Marriman က ကားလမ်းမပျက် စီးဆိုးရွားမှုမှာ နိုင်ငံလုံးဆိုင်ရာ အရှက်ရစရာကိစ္စဖြစ်ပြီး မိမိတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ အမြန်ဆုံးပြုပြင်ရန် အစိုးရကို တိုက်တွန်းသွားမည်ဟု ပြောသည်။ ဗြိတိန်အစိုးရအနေဖြင့် လာမည့် ၂ဝ၂၁ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် ချိုင့်ခွက် ၁ဝ သန်းခန့် ပြု ပြင်ရန်ပြင်ဆင်ထားပြီး ငါးနှစ်တာ အတွင်း ချိုင့်ခွက်သန်းငါးဆယ်ခန့် ပြုပြင်နိုင်မည်ဟု ကြေညာထားသည်။
Ref: The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here