ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီးရှိ ယာဉ်မတော်တဆ ဖြစ်ပွားမှု အများဆုံး မြို့နယ်ထဲတွင် မဂၤလာ ဒုံမြို့နယ်က အမှုအများဆုံးဖြင့် ထိပ်ဆုံးမှပါဝင်ကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ယာဉ်မတော်တဆ မှု ၁,၆၁၄ မှု ဖြစ်ပွားခဲ့ရာ မဂၤလာဒုံမြို့နယ်အတွင်း အမှုတစ်ရာကျော်အထိ ဖြစ်ပွားခဲ့ပြီး သန်လျင်မြို့နယ် တွင် အမှုကိုးဆယ်ကျော်အထိရှိခဲ့ကြောင်း သိရသည်။
”ဒီနှစ်ထဲ မဂၤလာဒုံမြို့နယ်အတွင်းမှာ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပေါ်ခဲ့ပါတယ်၊ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ နေရာတွေမှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေဆောင်ရွက်ပေးနေပေမဲ့လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းတဲ့အတွက် ယာဉ်မတော်တဆမှုတွေ ဖြစ်ပေါ်နေတာပါ”ဟု အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁,၆၁၄ မှု ဖြစ်ပွားခဲ့ရာ ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ၂၆ဝ မှ သေဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၃၂ဝ၊ ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှု ၂၃ဝ မှ သေဆုံးသူ ၅၃ ဦး၊ ဒဏ်ရာရှိသူ ၃ဝ၃ ဦး၊ မတ်လတွင် ယာဉ်မတော်တဆမှု ၂၂ဝ မှ သေဆုံးသူ ၄၆ ဦး၊ ဒဏ်ရာရရှိသူ ၃၁၃ ဦး၊ ဧပြီလတွင် ယာဉ်မတော်တဆမှု ၂၇၃ မှုမှ သေဆုံးသူ ၆၉ ဦး၊ ဒဏ်ရာရရှိသူ ၃၅၉ ဦး၊ မေလတွင် ယာဉ်မတော်တဆမှု ၂၂၆ မှုမှ သေဆုံးသူ ၅၂ ဦး၊ ဒဏ်ရာရရှိသူဦးရေသုံးရာ၊ ဇွန်လတွင် ယာဉ်မတော်တဆမှု ၂၁၅ မှုမှ သေဆုံးသူ ၅၁ ဦး၊ ဒဏ်ရာရရှိသူ ၂၇၅ ဦး၊ ဇူလိုင်လတွင် ယာဉ်မတော်တဆမှု ၁၉ဝ မှ သေဆုံးသူ ၄၈ ဦး၊ ဒဏ်ရာရရှိသူ ၂၃၄ ဦးအထိရှိကြောင်း သိရသည်။
လင်းရံ