ယာဉ်ပိုင်ရှင်များ  စိတ်ကြိုက်နံပါတ် ၀ယ်ယူရာတွင် ရောက်ရှိအက္ခရာမှ တတိယမြောက်အက္ခရာအထိသာ   ရွေးချယ်၀ယ်ယူခွင့်ပြုမည်

869

ရန်ကုန်၊ ဇွန်

ယာဉ်ပိုင်ရှင်များ စိတ်ကြိုက်နံပါတ် ၀ယ်ယူရာတွင် ရောက်ရှိအက္ခရာမှ တတိယမြောက် အက္ခရာအထိသာ ရွေးချယ်၀ယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

စိတ်ကြိုက်နံပါတ် ရွေးချယ်၀ယ်ယူရာတွင် ရောက်ရှိအက္ခရာမှ တတိယမြောက် အက္ခရာအထိသာ ၀ယ်ယူခွင့်ရမည်ဖြစ်ပြီး ဥပမာ- ရောက်ရှိအက္ခရာသည် 9P ဖြစ်ပါ က 3Q အထိသာ ရွေးချယ်၀ယ်ယူ ခွင့်ပြုမည်ဖြစ်သည်။ ရောက်ရှိအက္ခရာမှ တတိယမြောက်အက္ခရာထက် ကျော်လွန်ပြီး ၀ယ်ယူမည်ဆိုပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ ရွေးချယ်၀ယ်ယူခွင့် လျှောက်ထားရမည် ဖြစ်သည်။

”ယာဉ်ပိုင်ရှင်တွေအနေနဲ့ စိတ်ကြိုက်နံပါတ် ရွေးချယ်၀ယ်ယူတဲ့အခါမှာ ရောက်ရှိအက္ခရာကနေ တတိယမြောက် အက္ခရာအထိပဲ ၀ယ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်၊ တတိယမြောက်အက္ခရာ ကျော်ပြီး ၀ယ်ယူမယ်ဆိုရင် ကညနညွှန်ချုပ် နဲ့ ဒုညွှန်ချုပ်ထံ တင်ပြရမှာ ဖြစ်ပါတယ်၊ စိတ်ကြိုက်နံပါတ်၀ယ်ယူတဲ့အခါမှာလည်း နှုတ်နဲ့ဖြစ်ဖြစ်၊ စရန်သဘောမျိုးနဲ့ပဲဖြစ်ဖြစ် ၀ယ်ယူလို့မရပါဘူး၊ လက်ငင်းငွေပေးသွင်းပြီးမှသာ ၀ယ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်၊ အက္ခရာတွေ အများကြီးကျော်ပြီး ရောင်းချခဲ့တဲ့အတွက် ရောက်ရှိနံပါတ် မထုတ်ပေးသေးခင်မှာ ယာယီနံပါတ်ပြားတွေနဲ့ အသုံးပြုမောင်းနှင်နေကြတဲ့အတွက် အခုလို ကန့် သတ်လိုက်တာ ဖြစ်ပါတယ်၊ ရောက်ရှိအက္ခရာကနေ တတိယမြောက်အက္ခရာအထိပဲ ၀ယ်ယူခွင့်ပြုတယ်ဆိုတာကိုလည်း စိတ်ကြိုက်နံပါတ် စတင်ရောင်းချကတည်းက ကြေညာချက်ထုတ်ပြန်ပြီးသားပါ၊ ဒါပေမဲ့ လူမှုရေးအရ အက္ခရာတွေအများကြီးကျော်ပြီး ရောင်းချမှုရှိတဲ့အတွက် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

ယာဉ်ပိုင်ရှင်များအနေဖြင့် စိတ်ကြိုက်နံပါတ်များ ရွေးချယ်၀ယ်ယူရာတွင် ၀ယ်ယူခဲ့သည့် အက္ခရာရောက်ရှိမှသာ မှတ်ပုံတင်ပြုလုပ်ပြီး ဖောင်းကြွနံပါတ်ပြားရရှိမှသာ တရား၀င် မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here