ယာဉ်တိုက်မှုကြောင့်   မီးလောင်ကျွမ်းနေသည့်ကားထဲ   ပိတ်မိနေသူအား  ပစ်ထား၍ ကိုယ်လွတ်ရုန်း ထွက်ပြေး ခဲ့သည့် ယာဉ်မောင်းအမျိုးသားကို   တရားစွဲဆို

726

နယူးယော့ခ်မြို့၊ ဘရွတ်ကလင်း အရပ်တွင် ယာဉ်တိုက်မှုဖြစ်ပွား ပြီးနောက် မီးလောင်ကျွမ်းလျက် ရှိသည့် ကားထဲတွင် ပိတ်မိနေ သူအမျိုးသမီးအား ထားခဲ့ကာ တက္ကစီငှားပြီး ထွက်ပြေးသည့် အမျိုးသားကို ဖမ်းဆီးရမိပြီး တရားစွဲဆိုထားကြောင်း အောက် တိုဘာ ၁၆ ရက်တွင် Daily Mail သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ Saeed Ahmed ဆိုသူသည် အောက်တိုဘာ ၁၃ ရက် ညပိုင်း က ဘရွတ်ကလင်း-ကွင်းစ် အဝေးပြေးလမ်းမ တစ်နေရာ၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှ ၎င်း ၏ကား ပြင်းထန်စွာ မီးလောင် ကျွမ်းခဲ့ပြီးနောက် တက္ကစီငှား၍ ဆေးရုံသို့သွားခဲ့စဉ် ကားထဲတွင် ပိတ်မိနေခဲ့သည့် အသက် ၂၅ နှစ်အရွယ် Harleen Grewel ဆိုသူ အမျိုးသမီးအဖော်မှာ မီး လောင်၍ ပွဲချင်းပြီး သေဆုံးခဲ့ ရသည်။ ယင်းအဖြစ်အပျက်ကို မျက်မြင်သက်သေ တစ်ဦးက ဗီဒီယိုမှတ်တမ်းတင်ကာ သတင်း ဌာနတစ်ခုသို့ ပေးပို့ခဲ့သည်။ Saeed Ahmed မောင်းနှင်လာ သည့် ၂၀ဝ၇ Model Infiniti G35 ကားမှာ လမ်းအကာတန်းအား ဝင်မတိုက်မိခင် အဝေးပြေး လမ်းမပေါ်၌ ယိမ်းထိုးမောင်းနှင် ခဲ့သည်ဟုလည်း သိရသည်။ မီး လောင်ဒဏ်ရာများအား ဆေးရုံ တွင် သွားရောက်ကုသနေစဉ် Saeed ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။ Saeed ၏ ဖခင်က မည်သည့်အတွက်ကြောင့် အခင်းဖြစ်နေရာမှ သားဖြစ်သူ ကိုယ်လွတ်ရုန်း ထွက်ပြေးရန် ကြံစည်ခဲ့သည်ကို စဉ်းစားမရ ကြောင်း ပြောသည်။ Saeed ၏ ညီဖြစ်သူ Waheed ကမူ ၎င်း၏အစ်ကိုမှာ အခင်းဖြစ်နေ ရာမှ ထွက်ပြေးခဲ့ခြင်း မဟုတ် ကြောင်း၊ သူငယ်ချင်းဖြစ်သူအား မီးလောင်နေသည့် ကားထဲမှ ကယ်ဆယ်ရန် ကြိုးစားစဉ် ခြေနှင့် လက်တို့၌ မီးလောင်ဒဏ် ရာများပင် ရရှိခဲ့ကြောင်း၊ ကား ထဲတွင် ဖုန်းကျန်ခဲ့သည့်အတွက် အရေးပေါ်ဌာနနှင့် ဆက်သွယ် မှု မရခဲ့ကြောင်း၊ မီးလောင်နှုန်း မှာ လျင်မြန်လွန်းသဖြင့် သူငယ် ချင်းဖြစ်သူအား မကယ်တင်နိုင် ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာ ဝန်ရှိသူများက Saeed Ahmed အား မေးမြန်းသည့်အခါတိုင်း စိတ်ကယောက်ကယက်ဖြစ်ကာ အော်ဟစ်ငိုယိုနေသဖြင့် အသေး စိတ်အခြေအနေကို မသိရသေး ပေ။ Saeed က ယာဉ်တိုက်မှု မဖြစ်မီ အရက်သောက်ထား ကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့ သော်လည်း သွေးစစ်အဖြေအရ ထွက်ဆိုချက် မှားယွင်းသည်ဟု ဆိုသည်။ လတ်တလောတွင် ရဲ တပ်ဖွဲ့က Saeed Ahmed အား လိုင်စင်မရှိဘဲ ကားမောင်းနှင်မှု၊ သတ်မှတ် အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်မှု၊ သတိ လက်လွတ် ပေါ့ဆမှုကြောင့် သူ တစ်ပါးအား အသက်ဆုံးရှုံးစေမှု အစရှိသည့် ပြစ်ချက်များဖြင့် စွဲချက်တင်ထားကြောင်း သိရ သည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here