ယာဉ်တိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရထားသည့်မိန်းကလေး မျက်နှာပေါ်မှ မိတ်ကပ်ကြာရှည်ခံမှုကိုသာ စိတ်ဝင်စားနေ

596

ပြင်းထန် ဆိုးရွားသည့် ယာဉ်တိုက်မှုကို ကြုံတွေ့ခဲ့ရသော်လည်း အသက်မသေခဲ့သည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးက ပြင်ဆင်ခြယ်သထားသော ၎င်း၏မိတ်ကပ် အလှမပျက်ဘဲ ရှိနေသည်ကိုသာ  Facebook စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

မမှတ်မိနိုင်လောက်အောင် ကားနှစ်စီး ပျက်စီးသွားသည့် ပြင်းထန်ဆိုးရွားသော ယာဉ်တိုက်မှုကို ကြုံတွေ့ခဲ့ရသူ အသက် ၁၉ နှစ်အရွယ် Alice Brewer သည် ရင်ညွန့်ရိုးနှင့် ညပ်ရိုးကျိုး ဒဏ်ရာသာရခဲ့ပြီး ၎င်းဝတ်ဆင် ထားသည့် ကော့ဆက်အကျီ ၤကြောင့် အသက်မဆုံးရှုံးခဲ့ခြင်း ဖြစ်သည်ဟု ဆရာဝန်များက ဆိုသည်။ အသက် ၁၉ နှစ်ပြည့် မွေးနေ့မတိုင်မီ နှစ်ပတ်အလို တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော်လည်း ယာဉ်တိုက်မှုဖြစ်စဉ်တွင် သူလိမ်းခြယ်ထားသော မိတ်ကပ်မပျက်မယွင်းရှိမှုကိုသာ ဦးစားပေးကာ အလှဓာတ်ပုံနှင့်တကွ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့် Ms Brewer က ”အဲဒီနေ့က ကျွန်မမျက်နှာက လေအိတ်ထဲ ရောက်နေတာလေ၊ အဆီပြန်တဲ့အသားအရေပိုင်ရှင်ဖြစ်ပေမဲ့ ကျွန်မ မိတ်ကပ်က ၁၂ နာရီတောင်ခံတာရှင့်၊ တစ်ယောက်ယောက်ကို  ကျွန်မ သတ်လိုက်မိပြီထင်ပြီး အရမ်း ငိုပစ်လိုက်သေးတယ်” ဟု ဆိုသည်။ Ms Brewer နှင့် သူ၏ချစ်သူတို့သည် သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၊ ဖိလစ်ကျွန်းရှိ ပင်ဂွင်းငှက်များရှိရာဆီ သွားရောက် လည်ပတ်ရာလမ်း၌ ယာဉ်တိုက်မှု ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ယာဉ်တိုက်မှု၌ ပါဝင်ခဲ့သူများထဲတွင် Ms Brewer ၏ ဒဏ်ရာမှာ အပြင်းထန်ဆုံး ဖြစ်သည်။ လာမည့်အပတ်တွင် ခွဲစိတ်မှု ခံယူရမည်ဖြစ်သော်လည်း ယာဉ်တိုက်မှု ဖြစ်ချိန်၌ သူအသုံးပြုထားသော မိတ်ကပ် ကြာရှည်ခံအောင် ဖျန်းရသည့် Urban Decay အမှတ်တံဆိပ် De Slick Setting Spray ၏ ကြာရှည်ခံမှုအား သူ့ချစ်သူကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ခိုင်းခဲ့ခြင်းဖြစ်သည်။

 

” Urban Decay ပစ္စည်း တွေကို အရမ်းကြိုက်တယ်၊ အဲဒီတံဆိပ်နဲ့ အိုင်းရှဲဒိုးတွေ၊ မိတ်ကပ်ဖျန်းဆေးတွေ အများကြီးသုံးတာ၊ Urban Decay ဘက်က ကျွန်မအတွက် Care Package တစ်စုံလောက်များ ပို့ပေးမယ်ဆို ကျွန်မဒဏ်ရာတွေ၊ အမာရွတ်တွေ အားလုံးဖုံးပစ်လို့ရတယ်၊ အလှဆုံးဖြစ်ဖို့ဆိုရင်တော့ လက်မညောင်းမချင်း စိတ်ရှည်လက်ရှည်ရောစပ် ခြယ်သတတ်ဖို့ပါပဲ” ဟု မိတ်ကပ် ပြင်ဆင်မှုဝါသနာကြီးပြီး ဆရာဝန်တစ်ယောက် ဖြစ်ရန် ရည်ရွယ်ထားသည့် Ms Brewer က ပြောသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here