ယာဉ်တန်ဖိုးနှင့်  ဝန်ဆောင်မှုအပေါ်မူတည်၍ YBS ကုမ္ပဏီများ  ရရှိသည့်အခွင့်အရေး  ကွာခြားမည်

725

ရန်ကုန်၊ ဧပြီ

YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် ယာဉ်များ၏တန်ဖိုးနှင့် ဝန်ဆောင်မှုအပေါ် မူတည်၍ ရရှိမည့်အခွင့်အရေးများလည်း ကွာခြားမှု ရှိစေရန် မှတ်တမ်းတင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ပြေးဆွဲနေသည့် ယာဉ်တန်ဖိုးအပေါ်မူတည်ကာ ပြည်သူကို ဝန်ဆောင်မှုပေးရာတွင်လည်း ကွာခြားသည့်အတွက် ရင်းနှီးမြှုပ်နှံထားသောကုမ္ပဏီများ မျှတမှုရှိစေရန် ကားတစ်စီး၏ ရင်းနှီးမြှုပ်နှံမှုအပေါ် မူတည်၍ မတူညီသည့်အခွင့်အရေးများပေးနိုင်ရန် မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

”ကားအသစ်တွေနဲ့ ပြေးဆွဲနေတဲ့ ကုမ္ပဏီတွေနဲ့ လက်ရှိပြေး ဆွဲနေတဲ့ ကုမ္ပဏီတွေရဲ့ကားတစ်စီး ရဲ့တန်ဖိုး၊ ဝန်ဆောင်မှုနဲ့ ယှဉ်ပြိုင်မှုတွေကို YRTA က မှတ်တမ်းတင်ထားပါတယ်၊ သိန်းတစ်ထောင် တန်ကားနဲ့ သိန်းသုံးရာတန်ကားရဲ့ ရင်းနှီးမြ§ုပ်နံမှုက ကွာခြားပေမဲ့ ရတဲ့ အကျိုးအမြတ်က အတူတူပဲဆိုရင် ယှဉ်ပြိုင်မှုကလည်း ဆုတ်ယုတ် သွားမှာပါ၊ ဒါကြောင့် ရင်းနှီးမြှုပ်နှံထားတဲ့ ကားတစ်စီးတန်ဖိုးနဲ့ ဝန်ဆောင်မှုအလိုက် ရရှိတဲ့အခွင့်အရေး ကွာခြားအောင် ဆောင်ရွက်ရမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီယာဉ်လိုင်းအသစ်ဖွင့်ပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် YBS ကုမ္ပဏီများ၏ ဝန်ဆောင်မှုများနှင့် ပြေးဆွဲနေသည့် ယာဉ်တစ်စီးချင်းစီ၏ တန်ဖိုး ကို မှတ်တမ်းတင်နေပြီဖြစ်ပြီး မကြာမီ အခွင့်အရေးများ ကွဲပြားမှုရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ YBS ယာဉ်လိုင်းအတွင်း လက်ရှိပြေးဆွဲနေသည့် ယာဉ်အစီးရေ ငါးထောင်ဝန်းကျင်ရှိပြီး အစီးနှစ်ထောင်ဝန်းကျင်မှာ Brand New ကားများဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here