ယာဉ်ကြောပိတ်ဆို့သောကြောင့် တိုးဂိတ်ကြေး ကောက်ခံမှုစနစ်ကို ထိုင်းတွင် လာမည့်နှစ်မှစ၍ ဖျက်သိမ်းမည်

119

 

ထိုင်းအစိုးရသည် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရေးအတွက် လာမည့်နှစ်မှစတင်ကာ တိုးဂိတ်များတွင် ဝင် ကြေးကောက်ခံမှုစနစ်အား ဖျက်သိမ်းပြီး နိုင်ငံကြီးများတွင် အသုံးပြုနေသည့်စနစ်အတိုင်း ကောက်ခံသွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း မြို့ဝင်ကြေးဂိတ်များ၊ အဝေးပြေးလမ်းမ ဝင်ကြေးများအား မောင်းတံများတား ကာ ကောက်ခံခြင်း၊ အတားအဆီးများထားကာ ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ယာဉ် ကြောကျပ်တည်းမှုများဖြစ်ပေါ်ကာ ခရီးသွားပြည်သူများအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာများ နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေသည်။

ထိုင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနသည် လက်ရှိ တိုးဂိတ်ကြေးကောက်ခံမှုစနစ်ကို လာမည့်နှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဝန် ကြီး Saksayam Chidchob က သတင်းထောက်များကို ရှင်းပြသည်။ ထိုင်းအစိုးရက အသုံးပြုမည့် စနစ်သစ်ကို M-Flow ဟု ခေါ်ပြီး ကားနံပါတ်ကို စက်က အလိုအလျောက်မှတ်သားကာ ကား၏အချက်အလက်များအား လိုင်စင်မှတ်ပုံတင်သည့်စနစ်က မှတ်သားသွားမည်ဖြစ်သည်။

ထို့နောက် ယာဉ်ပိုင်ရှင်၏ အီးမေးလ်ထံ ယာဉ်ဖြတ်သန်းခ မည်မျှရှိကြောင်း အကြောင်းကြားသွားမည်ဖြစ်ပြီး ပိုင် ရှင်အနေဖြင့် ရက် သုံးဆယ်အတွင်း ပေးဆောင်ရမည်ဖြစ်သည်။ ယင်းစနစ်သစ်ကို အသုံးပြုခြင်းကြောင့် ကားများ တရားဝင်မှတ်ပုံတင် ထားခြင်း ရှိမရှိ သိရှိနိုင်မည်ဖြစ်ပြီး လိုင်စင်မဲ့ကားများ အသုံးပြုနေခြင်းမျိုးကိုလည်း ထောက်လှမ်းနိုင်မည်ဟု ဝန်ကြီး Chidchob က ပြောသည်။

အကယ်၍ သတ်မှတ်ရက်အတွင်း ဘေမဆောင်ပါက တရားဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက သတိပေးထားသည်။ ထိုင်းနိုင်ငံသည် ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးနိုင်ငံများထဲတွင် ပါဝင်ပြီး မြို့တော် ဘန်ကောက်မှာလည်း အာဆီယံ၏ ယာဉ်ကြောပိတ်ဆို့မှုအများဆုံး မြို့တော်တစ်ခုဖြစ်သည်။

Ref:bangkokpost

ဘာသာပြန်-ခွန်ဝဏ္ဏ

LEAVE A REPLY

Please enter your comment!
Please enter your name here