ယခုလမှစ၍ ယာဉ်မှန်၊ မမှန် စစ်ဆေးခြင်းများကို နေ့စဉ် အစီးသုံးဆယ်အထိ ထပ်တိုးဆောင်ရွက်ပေးနေ

364

 

ရန်ကုန်၊ ဇူလိုင် ၂၂
ဇူလိုင်လမှစ၍ ယာဉ်မှန်၊ မမှန် စစ်ဆေးခြင်းကို နေ့စဉ် ၂၅ စီးခွင့် ပြုရာမှ အစီး ၃ဝ အထိ ထပ်တိုး ဆောင်ရွက်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမြင်သာကညနရုံးမှ သိရသည်။

လက်ရှိတွင် Covid-19 ရော ဂါကာကွယ်ရေးအတွက် ကညနရုံး များတွင် အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်များအ တိုင်း စီစဉ်ဆောင်ရွက်နေပြီး ကည နရုံးများ၌ လူစုလူဝေး မဖြစ်စေ ရန် ပုံမှန်နှုန်းထားထက် လျှော့၍ ဆောက်ရွက်ပေးရခြင်း ဖြစ်သည်။

“Covid-19 ရောဂါ မဖြစ် ခင်အချိန်က ယာဉ်မှန်/မမှန်စစ် ဆေးတာကို နေ့လယ်တစ်နာရီက စပြီး တစ်ရက်ကို အစီးရေ ငါးဆယ်ကနေ ခုနစ်ဆယ်အထိ စစ်ဆေးပေးပါတယ်၊ Covid-19 ရော ဂါဖြစ်ပွားမှုလျော့နည်းသွားလို့ ရုံးတွေ ပြန်လည်ဖွင့်လှစ်ချိန်ကစပြီး လူစုလူဝေးနဲ့ ရောဂါကာကွယ်ရေးအတွက် တစ်ရက်ကို အစီးရေ ၂၅ စီးပဲ ဆောင်ရွက်ခဲ့ရာကနေ ယခုလကစပြီး အစီးရေ သုံးဆယ် အထိ တိုးမြှင့်စစ်ဆေးပေးနေပါတယ်” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန မြင်သာကညနရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့်က ပြောသည်။

ယခင်က Online Booking စနစ်ဖြင့် ယာဉ်မှန်/မမှန်စစ်ဆေးခြင်းကို တစ်ရက်လျှင် အစီးရေ ငါးဆယ်မှ ခုနစ်ဆယ်အထိ ဆောင်ရွက်ပေးခဲ့ပြီး ကညနရုံးများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ၂၅ စီး ခွင့်ပြုရာမှ ဇူလိုင်လမှစ၍ ယာဉ်မှန်/ မမှန် စစ်ဆေးခြင်းကို အစီးရေ သုံးဆယ်အထိ စစ်ဆေးပေးနေကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here