ယခုလကုန်တွင် မြို့တွင်းပတ် ၅၇ ယာဉ်လိုင်းနှင့် လူထုမိတ်ဆွေကုမ္ပဏီ ပိုင်ယာဉ်လိုင်းများတွင် YPS ကတ် အသုံးပြုနိုင်ရန် လုပ်ဆောင်မည်

176

 

ရန်ကုန်၊ သြဂုတ် ၁၁
GYCT ကုမ္ပဏီယာဉ်လိုင်းဖြစ်သည့် မြို့တွင်းပတ် ၅၇ ယာဉ်လိုင်းနှင့် လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုကုမ္ပဏီ ယာဉ်လိုင်းများဖြစ်သည့် YBS ၃၂၊ ၇၈၊ ၉၃၊ ၉၄၊ ၉၇၊ ယာဉ်လိုင်း ငါးခုတွင် သြဂုတ်လ (ယခုလ)ကုန်ပိုင်း၌ YPS ကတ် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။

“ကုမ္ပဏီနှစ်ခုက ယာဉ်အစီး သုံးရာမှာ YPS ကတ်သုံးလို့ရအောင် လုပ်နေပါတယ်၊ စက်တွေက တပ်ထားတာကြာပြီဆိုတော့ စက်တွေကို ပြန်စစ်ဆေးတာတွေ လုပ်နေပါတယ်၊ မကြာပါဘူး ခွင့်ပြုချက်ရပြီဆိုတာနဲ့ သုံးလို့ရပါပြီ၊ ဒီလကုန်ပိုင်းလောက် ဖြစ်နိုင်ဖို့ရှိပါတယ်၊ ငွေငါးထောင်ဖြည့်ပြီး ကတ် အခမဲ့ပေးတဲ့ ပရိုမိုးရှင်းကတော့ ဒီ လ ၁၅ ရက်အထိပါပဲ၊ တခြားအစီ အစဉ်လေးတွေတော့ ရှိပါတယ်”ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှ CMO ဒေါ် ရီရီခင်က ပြောသည်။

မြို့တွင်းပတ် ၅၇ ယာဉ်လိုင်း နှင့် လူထုမိတ်ဆွေယာဉ်လိုင်း ကုမ္ပဏီမှ ယာဉ်အစီး သုံးရာတွင် ယခုလကုန်ပိုင်း၌ YPS ကတ် အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရ သည်။

လာမည့်သြဂုတ် ၁၆ ရက်မှ ၂ဝ ရက်အထိ YPS Payment Service Page တွင် အမေးအဖြေ များပြုလုပ်ပြီး အဖြေမှန်သူများကို ဆုချီးမြှင့်မည့် အစီအစဉ်များအပြင် ငွေအများဆုံးဖြည့်သည့် ခရီးသည် နှင့် ကတ်အသုံးပြုပြီး ခရီးစဉ်အများ ဆုံးစီးသည့် ခရီးသည်များကို ရွေးချယ်ကာ ဆုပေးမည့် အစီအစဉ်များ လည်းရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ YPS Payment Card ဖြင့် ယာဉ်စီးခပေး ချေနိုင်သည့် YBS ယာဉ်လိုင်းပေါင်း ၂၇ လိုင်း၊ ယာဉ်အစီး ၁,၂ဝဝ ကျော်ရှိနေပြီဖြစ်သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here