ယခုနှစ် သြဂုတ်လအထိ ကား Brand ၂၇ ခု၏ ကားအရောင်းပြခန်းများမှ Brand New ကားအသစ် အစီး​ရေ ၁၄,၀၀၀ ​ကျော် ရောင်းချခဲ့ရ

281

ရန်ကုန်၊ စက်တင်ဘာ ၂၂

 

ယခု ၂၀၂၀ ပြည့်နှစ် နှစ်စမှစ၍ Covid-19 ဒုတိယလှိုင်းမဖြစ်ပွားမီ သြဂုတ်လကုန်အထိ Automotive Association of Myanmar (AAM) တွင် ပါဝင်သော ကား Brand ၂၇ ခု၏ ကားအရောင်းပြခန်းများမှ Brand New ကားအသစ် အစီး​ရေ ၁၄,၀၃၃ စီး ရောင်းချခဲ့ရကြောင်း စုံစမ်းသိရသည်။

Brand New Showroom များမှ ကားသစ်များ ရောင်းချရာတွင် ပြည်တွင်း၌ CKD ၊ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော ကားများမှာ ရန်ကုန်လိုင်စင်ရရှိသည့်အခွင့်အရေးကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းသောကားများထက် အရေအတွက် ပိုမိုရောင်းချနိုင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နှစ်စမှ သြဂုတ်လအထိ Automotive Association of Myanmar (AAM) အသင်းဝင် ကား Brand ၂၇ ခု၏ ကားအရောင်းပြခန်းများမှ ကားအသစ်များ ရောင်းချခဲ့ရာတွင် BMW ၂၂ စီး၊ Brilliance ၁၃၂ စီး၊ Chenglong ၄၈၅ စီး၊ Chevrolet ၄၃ စီး၊ DFSK ၁၀၅ စီး၊ Ford ၇၁၂ စီး၊ Fuso နှင့် Mercedes(CCAM)မှ ၉၄ စီး၊ GAC အစီးရှစ်ဆယ်၊ Higer ၅၆ စီး၊ Hino ၈၁ စီး၊ Hyundai(Truck & Bus) ၉၃ စီး၊ Isuzu ၁၁၉ စီး၊ Jaguar သုံးစီး၊ Land Rover ၆၉ စီး၊ Mazda ၁၇၁ စီး၊ Mercedes-Benz ၄၄ စီး၊ Mitsubishi ၆၀၆ စီး၊ Nissan ၆၆၃ စီး၊ Scania ၃၆ စီး၊ Suzuki ၇,၆၀၇ စီး၊ Volkswagen ၈၃ စီး၊ Toyota ၂,၇၁၁ စီးနှင့် Volvo ၁၈ စီးတို့ ရောင်းချခဲ့ရကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here