ယခုနှစ် လေးလတာအတွင်း Brand  New ကားအရောင်းပြခန်း ၁၉ ခုမှ ကားအသစ် ၃,၇၂၅ စီး ရောင်းချထား

415

ရန်ကုန်၊ မေ

ယခုနှစ် လေးလတာကာလအတွင်း Brand New ကားအရောင်းပြခန်း ၁၉ ခုမှ ကားအသစ် ၃,၇၂၅ စီး ရောင်းချထားကြောင်း Authorized Automobile Distributors Association(AADA) မှသိရသည်။

ယခုနှစ်၏ ကားတင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအရ ဘယ်မောင်းကားများသာ တင် သွင်းခွင့်ရမည် ဖြစ်သောကြောင့် Brand New ကားများ၏ စျေးကွက်မှာ ယခင်နှစ်များထက် ပို၍ မြင့်တက်လာခဲ့သည်။

ကားအရောင်းပြခန်းများမှ ရောင်းချခဲ့သောကားများထဲတွင် Suzuki နှင့် Toyota အမျိုးအစား များ အရေအတွက် အများဆုံး ရောင်းချနိုင်ခဲ့သည်။ AADA  မှ ထုတ်ပြန်သည့်စာရင်းများအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန် အထိ  BMW ၂၂ စီး၊ Chevrolet ၁၁၅ စီး၊Dong Feng ၇၉ စီး၊ Ford ၄၃၄ စီး၊ Fuso ၅၂ စီး၊ GAC ၂၁ စီး၊ Higer မှ ၃၆ စီး၊ Hino ၁၃ စီး၊ Hyundai(Track & Bus) ၁၇ စီး၊ Jaguar ခုနစ်စီး၊ Land Rover ခြောက်စီး၊Mazda ၁၅၃ စီး၊ Mercedes၂၅ စီး၊ Mitsubishi ၆၃ စီး၊Nissan ၁၉၆ စီး၊ Scania ၂၃ စီး၊ Suzuki ၁,၆၉ဝ စီး၊ Toyota ၇၅၅ စီးနှင့် Volvo ၁၈ စီး ရောင်းချခဲ့ကြောင်း သိရသည်။

AADA အသင်းကို  ကားအရောင်းပြခန်း ၂၂ ခု၊Brand New လူစီးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များကို ရောင်းချနေသည့် ကုမ္ပဏီ ၂၇ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး BMW ၊ Chevrolet ၊ DFM ၊ Ford ၊ Fuso ၊ GAC ၊ Higer  ၊ Hino ၊ Hyundai(Truck & Bus) ၊Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Mitsubishi ၊Nissan ၊Scania ၊Suzuki ၊TaTa ၊ Toyota ၊ Volkswagen နှင့် Volvo စသည့် Brand များမှ ကားလုပ်ငန်းရှင်များ ပါဝင်ကြောင်း သိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here