ယခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့် သတ်မှတ်ချက်များဖြင့် ဒီဇင်ဘာ ၂၉ ရက်အထိ ပါမစ်လျှောက်ခွင့်ပေးမည်

148

 

ရန်ကုန်၊ ဒီဇင်ဘာ
ယခုနှစ် မော်တော်ယာဉ်တင်သွင်း ခွင့် သတ်မှတ်ချက်များဖြင့် ဒီဇင် ဘာ ၂၉ ရက်အထိ ပါမစ်လျှောက် ခွင့်ပေးမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

ယာဉ်အို၊ ယာဉ်ဟောင်းအစီအစဉ်(Consignment)၊ လူပုဂ္ဂိုလ် တစ်ဦးချင်းအစီအစဉ်၊ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်း သည့် မော်တော်ယာဉ် ပါမစ်လျှောက်ထားမှုအပါအဝင်)၊ အစိုးရဌာနများမှ မော်တော်ယာဉ်လျှောက်ထားမှုတို့ကို ယခုနှစ်မိုဒယ် သတ် မှတ်ချက်ဖြင့် ပါမစ်လျှောက်ထား မည်ဆိုပါက ဒီဇင်ဘာ ၂၉ ရက် အထိ ခွင့်ပြုပေးမည်ဖြစ်သည်။

“မော်တော်ယာဉ်တင်သွင်း ခွင့်ပါမစ်တွေကို အရင့်အရင်နှစ်တွေက ဒီဇင်ဘာ ၁၅ ရက်၊ ဒါမှမဟုတ် ဒီဇင်ဘာ ၂၃ ရက်အထိ ပေးခဲ့တာ ဖြစ်ပါတယ်၊ ဒီနှစ်မှာဆိုရင်တော့ ပါမစ်လျှောက်ထားမှုအတွက် ဒီဇင်ဘာ ၂၉ ရက်အထိ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် ထုတ်လုပ် ခုနှစ်သတ်မှတ်ချက်တွင် ယာဉ်အို၊ ယာဉ်ဟောင်းများမှာ ၂၀၁၇ ခုနှစ် မှ ၂၀၂၀ ခုနှစ်အတွင်း ဘယ်မောင်း၊ ဖရီးပါမစ်များမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဘယ်မောင်း၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များမှာ ၂၀၁၆ ခု နှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဘယ်မောင်းယာဉ်များကို တင်သွင်းခွင့်ပြုထားသည်။ လာမည့်နှစ်တွင်မူ ယာဉ်အို၊ ယာဉ်ဟောင်းနှင့် ဖရီးပါမစ်ဟူ၍ သီးသန့်ခွဲ၍ ကြေညာထားခြင်းမရှိဘဲ မော်တော်ယာဉ်တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်တွင် လူစီးမော်တော်ယာဉ်များကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်(ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်) ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်(ဘယ်မောင်း)၊ မီးသတ်ယာဉ်များနှင့် လူနာတင်ယာဉ်များကို ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်(ဘယ်မောင်း)၊ ယန္တရားများကို ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်များသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here