ယခုနှစ် ခြောက်လတာအတွင်း ယာဉ်အို/ဟောင်းအပ်နှံသည့် အစီးရေ ၈၉ဝ ကျော်ရှိခဲ့ရာ တိုက်ကြေ စလစ် နှစ်ရာကျော်ပါဝင်

719

ရန်ကုန်၊ ဇူလိုင် ၁၇
ယခုနှစ် ခြောက်လတာအတွင်း ယာဉ်အို/ဟောင်းအပ်နှံသည့် အစီး ရေ ၈၉ဝ ကျော်ရှိခဲ့ရာတွင် တိုက် ကြေစလစ် နှစ်ရာကျော် ပါဝင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ကုန်အထိ ယာဉ်အို/ဟောင်းအပ်နှံ သည့် အစီးရေ ၈၉၂ စီးရှိခဲ့ရာတွင် တိုက်ကြေကား ၂ဝ၉ စီး ပါဝင်ခဲ့ ကြောင်း သိရသည်။ အပ်ကားရှား ပါးလာခြင်းနှင့်အတူ စလစ်စျေး မြင့် တက်လာခြင်းကြောင့် တိုက်ကြေ ကား အပ်နှံမှုလည်း ပြန်လည်မြင့် တက်လာကြောင်း သိရသည်။
‘‘အခုနှစ် ခြောက်လတာကာလ အတွင်းမှာ ယာဉ်အို/ဟောင်းအပ် နှံတဲ့ ကားအစီးရေ ၈၉၂ စီးရှိပါ တယ်၊ အဲဒီကားတွေထဲမှာ တိုက် ကြေကား ၂ဝ၉ စီး ပါဝင်တာ တွေ့ ရပါတယ်၊ တိုက်ကြေကားအပ်နှံတာ တစ်လကို အစီးရေလေးဆယ်ဝန်း ကျင်အထိ လာအပ်တာကိုလည်း တွေ့ရပါတယ်၊ တိုက်ကြေကားတွေ ကို သေချာစစ်ပြီးမှပဲ အပ်နှံပေးတာ ဖြစ်ပါတယ်၊ လုပ်ကြံဖန်တီးပြီး အပ်နှံတာတွေ စိစစ်တွေ့ရှိရင်တော့ ထိထိရောက်ရောက် အရေးယူသွား မှာ ဖြစ်ပါတယ်’’ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန မှ သိရသည်။
သက်တမ်း နှစ်နှစ်ဆယ် အပ် ကားများ ရှားပါးလာခြင်းကြောင့် ၁၃ဝဝ စီစီ ကားများ တင်သွင်း၍ ရသော တိုက်ကြေစလစ်စျေးများမှာ မြင့်တက်လာပြီး အပ်နှံမှုလည်း ပို များလာကြောင်း သိရသည်။ ယခု နှစ် ဇန်နဝါရီလတွင် ယာဉ်အို/ ဟောင်း အပ်နှံယာဉ် ၁၆၇ စီးမှ တိုက်ကြေကား ရှစ်စီးသာ ရှိခဲ့သည်။ သို့သော် ဖေဖော်ဝါရီလတွင် ယာဉ် အို/ဟောင်းအပ်နှံယာဉ် ၁၅၅ စီး မှ တိုက်ကြေကား ၃၇ စီး၊ မတ်လ တွင် ယာဉ်အို/ဟောင်း အပ်နှံယာဉ် ၉၇ စီးမှ တိုက်ကြေကား ၃၁ စီး၊ ဧပြီလတွင် ယာဉ်အို/ဟောင်းအပ်နှံ ယာဉ် ၁၆၆ စီးမှ တိုက်ကြေကား ၄၁ စီး၊ မေလတွင် ယာဉ်အို/ ဟောင်း အပ်နှံယာဉ် ၁၈၁ စီးမှ တိုက်ကြေကား ၆၁ စီး၊ ဇွန်လတွင် ယာဉ်အို/ဟောင်းအပ်နှံယာဉ် ၁၇၆ စီးမှ တိုက်ကြေကား ၃၁ စီးတို့ပါဝင် ခဲ့ကြောင်း သိရသည်။ ယခုလတွင် လည်း တိုက်ကြေကား အပ်နှံမှုများ နေပြီး ဇူလိုင် ၁၇ ရက်အထိ ၂၅ စီး လာရောက်အပ်နှံခဲ့ကြောင်း သိ ရသည်။

ဆန်းအောင်၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here