ယခုနှစ်အတွင်း YRTA ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က စည်းကမ်းဖောက်ဖျက် YBS ယာဉ်များကို အရေးယူခဲ့ရာ အမှု ၇,၄ဝဝ ကျော် တွေ့ရှိ

244

ရန်ကုန်၊ စက်တင်ဘာ

ယခုနှစ်အတွင်း YRTA ယာဉ်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ စည်း ကမ်းဖောက်ဖျက်သည့် YBS ယာဉ် များကို အရေးယူခဲ့ရာ အမှု ၇,၄ဝဝ ကျော် တွေ့ရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရ သည်။

YRTA မှ ဖွဲ့စည်းထားသော ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ခြောက်ခု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ပူး ပေါင်းပါဝင်သည့် အဖွဲ့ ၁ဝ ခုနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ရန်ကုန် မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည် တင်ယာဉ်များ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုတို့ကို စိစစ် အရေးယူခဲ့ရာ ၂ဝ၁၈ ခုနှစ် အတွင်း အမှုပေါင်း ၃၅,ဝဝဝ ကျော် စိစစ်တွေ့ရှိခဲ့သည်။ ယခုနှစ်တွင် လည်း ချလန်ဖြတ်ဖမ်းဆီးမှု ၅,၄၆၉ မှုနှင့် တိုင်ကြားမှု ၁,၉၉၄ မှု ရှိခဲ့ သည်။

‘‘စစ်ဆေးအရေးယူခဲ့တဲ့ အမှု တွေမှာ ယူနီဖောင်း မဝတ်ဘဲ မောင်းနှင်တာတွေ၊ တိုင်ကြားလို့ ရတဲ့ ဖုန်းနံပါတ်မပါဘဲ မောင်းနှင် တာတွေ၊ အဲကွန်းမဖွင့်ဘဲမောင်းနှင် တာတွေနဲ့ မှတ်တိုင် စနစ်တကျ မရပ်ပေးတာတွေက ကျူးလွန်မှု အများဆုံး ဖြစ်ပါတယ်’’ဟု ရန်  ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း YRTA ယာဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ စည်း ကမ်းဖောက်ဖျက်သည့် YBS ယာဉ်များကို အရေးယူခဲ့ရာ အဲကွန်း မဖွင့်ဘဲမောင်းနှင်သည့် အမှု ၁၅ဝ၊  Cash Box မပါသည့် အမှု တစ်မှု၊ ယာဉ်မောင်းမှ ငွေကောက်ခံသည့် အမှု နှစ်ရာ၊ ယာဉ်စီးခ ပိုကောက်ခံ သည့်အမှု ၂၅၉ မှု၊ YRTA ဘေး တံဆိပ်မပါသည့်အမှု ၄၇ မှု၊ ခရီး စဉ်မှတ်တမ်းမပါသည့် အမှု ၁၈၇ မှု၊ စျေးနှုန်းစတစ်ကာ မပါသည့်အမှု ၆၅ မှု၊ တိုင်ကြားရန် ဖုန်းနံပါတ် မပါသည့်အမှု ၄၄ဝ၊ ယာဉ်လိုင်း နံပါတ်စတစ်ကာ မပါသည့်အမှု ၂၄၃ မှု၊ လမ်းကြောင်း စတစ်ကာ မပါသည့်အမှု ၃ဝ၈ မှု၊ ဘေး ယာဉ်နံပါတ် မပါသည့်အမှု ၂၂၁ မှု၊ မီးသတ်ဆေးဘူးမပါသည့် အမှု ၂၆၁ မှု၊ အမှိုက်ပုံးမပါသည့် အမှု ၂၂၉ မှု၊ ခရီးစဉ် အစအဆုံး မပြေးဆွဲသည့်အမှု ၁၇၄ မှု၊ သတ် မှတ်လမ်းကြောင်း မမောင်းသည့်အ မှု ၄၃ မှု၊ လမ်းပြောင်းပြန်မောင်း သည့်အမှု တစ်မှု၊ ဘေးတံခါးဖွင့် မောင်းသည့်အမှု ၁၄၅ မှု၊ အရှိန် ပြင်းမောင်းနှင်သည့်အမှု ၅ဝ၃ မှု၊ မချေမငံ ဆက်ဆံသည့်အမှု ၄၁၃ မှု၊ လက်ရောက်ကျူးလွန်မှု ကိုးမှု၊ မှတ်တိုင် စနစ်တကျမရပ်သည့်အမှု ၁,၂၃၄ မှု၊ လမ်းလယ်လူတင်/ချလုပ် သည့်အမှု ၂၃ မှု၊ ဝှီးတက်မပါ သည့်အမှု ၃၆ မှု၊ ဝှီးတက်သက် တမ်းလွန်နေသည့် အမှု ခြောက်မှု၊ လုပ်ငန်းမမှန်သည့်အမှု သုံးမှု၊ ယာဉ် မောင်းလိုင်စင်မပါသည့်အမှု ၃၃ဝ၊ သတ်မှတ်လိုင်စင်ဖြင့် မမောင်း သည့်အမှု ငါးရာ၊ ယာဉ်မောင်းလိုင် စင် ချလန်ရက်လွန်သည့်အမှု ၇၈ မှု၊ ယာဉ်မောင်းလိုင်စင် ပျက်စီး၊ သက်တမ်း ကုန်နေသည့်အမှု ၂၂ မှု၊ ယာဉ်မောင်းမမှန်သည့်အမှု ၂၉ မှု၊ ဝိုက်ပါမပါသည့်အမှု ၃၈ မှု၊ ရောင်ပြန် မပါသည့်အမှု ၈၉ မှု၊ ယာဉ်မောင်း သပ်ရပ်စွာဝတ်ဆင်  ခြင်း မရှိသည့်အမှု ၁,၁၅၈ မှု၊ မြို့ ေတာ်အင်္ဂါရပ်နှင့် မညီသည့်အမှု ၁၈ မှုတို့ ေတွ့ရှိခဲ့ေြကာင်း သိရသည်။

 ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here