ယခုနှစ်အတွင်း YRTA ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စည်းကမ်း ဖောက်ဖျက်သည့် YBS ယာဉ်များကို အရေးယူခဲ့ရာ အမှု ၈,၄ဝဝ ကျော်ရှိ

426

ရန်ကုန်၊ အောက်တိုဘာ
ယခုနှစ်အတွင်း YRTA ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စည်းကမ်း ဖောက်ဖျက်သည့် YBS ယာဉ် များကို အရေးယူခဲ့ရာ အမှု ၈,၄ဝဝ ကျော်တွေ့ရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

YRTA မှ ဖွဲ့စည်းထားသော ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ခြောက်ခု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ပူး ပေါင်းပါဝင်သည့် အဖွဲ့ ၁ဝ ခုနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ရန်ကုန်မြို့ တွင်းပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များ၏ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းချိုးဖောက်မှုကို စိစစ်အရေး ယူခဲ့ရာ ၂ဝ၁၈ ခုနှစ်အတွင်းအမှု ပေါင်း ၃၅,ဝဝဝ ကျော် စိစစ်တွေ့ ရှိခဲ့သည်။ ယခုနှစ်တွင်လည်း ချလန် ဖြတ်ဖမ်းဆီးမှု ၆,၃၆၁ မှုနှင့် တိုင် ကြားမှု ၂,၁ဝ၈ မှုရှိခဲ့သည်။

“စစ်ဆေးအရေးယူခဲ့တဲ့ အမှု တွေမှာ ယူနီဖောင်းမဝတ်ဘဲ မောင်း နှင်တာတွေ၊ တိုင်ကြားလို့ရတဲ့ ဖုန်း နံပါတ်မပါဘဲ မောင်းနှင်တာတွေ၊ အဲကွန်းမဖွင့်ဘဲ မောင်းနှင်တာတွေ နဲ့ မှတ်တိုင် စနစ်တကျ မရပ်ပေး တာတွေက ကျူးလွန်မှုအများဆုံး ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသ ကြီး အများပြည်သူသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း YRTA ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်များကို အရေးယူခဲ့ရာ အဲကွန်းမဖွင့်ဘဲ မောင်းနှင်သည့် အမှု ၁၆၇ မှု၊ Cash Box မပါသည့် အမှု တစ်မှု၊ ယာဉ်မောင်းမှ ငွေ ကောက်ခံသည့်အမှု နှစ်ရာ၊ ယာဉ် စီးခပိုကောက်ခံသည့်အမှု ၂၇ဝ၊ YRTA ဘေးတံဆိပ်မပါသည့်အမှု ၅၁ မှု၊ ခရီးစဉ်မှတ်တမ်းမပါသည့် အမှု ၂ဝ၄ မှု၊ စျေးနှုန်းစတစ်ကာ မပါသည့်အမှု ၆၇ မှု၊ တိုင်ကြားရန် ဖုန်းနံပါတ်မပါသည့်အမှု ၄၅၉၊ ယာဉ်လိုင်းနံပါတ်စတစ်ကာ မပါ သည့်အမှု ၂၈၅ မှု၊ လမ်းကြောင်း စတစ်ကာမပါသည့်အမှု ၃၆၈ မှု၊ ဘေးယာဉ်နံပါတ် မပါသည့်အမှု ၂၄၆ မှု၊ မီးသတ်ဆေးဘူးမပါသည့် အမှု ၂၇၉ မှု၊ အမှိုက်ပုံးမပါသည့် အမှု ၂၆၂ မှု၊ ခရီးစဉ်အစအဆုံး မပြေးဆွဲသည့်အမှု ၁၈၆ မှု၊ သတ် မှတ်လမ်းကြောင်း မမောင်းသည့်အ မှု ၄၈ မှု၊ လမ်းပြောင်းပြန်မောင်း သည့်အမှု တစ်မှု၊ ဘေးတံခါးဖွင့် မောင်းသည့်အမှု ၁၆၂ မှု၊ အရှိန် ပြင်းမောင်းနှင်သည့်အမှု ၅၃၃ မှု၊ မချေမငံ ဆက်ဆံသည့်အမှု ၄၃၅ မှု၊ လက်ရောက်ကျူးလွန်မှု ကိုးမှု၊ မှတ်တိုင် စနစ်တကျမရပ်သည့်အမှု ၁,၅၃၄ မှု၊ လမ်းလယ်လူတင်ချလုပ် သည့်အမှု ၂၃ မှု၊ ဝှီးတက်မပါ သည့်အမှု ၃၆ မှု၊ ဝှီးတက်သက် တမ်းလွန်နေသည့်အမှု ခြောက်မှု၊ လုပ်ငန်းမမှန်သည့်အမှု သုံးမှု၊ ယာဉ် မောင်းလိုင်စင်မပါသည့်အမှု ၃၆၂ မှု၊ သတ်မှတ်လိုင်စင်ဖြင့် မမောင်း သည့်အမှု ၅၃ဝ၊ ယာဉ်မောင်းလိုင် စင်ချလန်ရက်လွန်သည့်အမှု ၈၅ မှု၊ ယာဉ်မောင်းလိုင်စင်ပျက်စီး၊ သက် တမ်းကုန်နေသည့်အမှု ၂၂ မှု၊ ယာဉ် မောင်းမမှန်သည့်အမှု သုံးဆယ်၊ ဝိုက် ပါမပါသည့်အမှု ၃၉ မှု၊ ရောင်ပြန် မပါသည့်အမှု ၂၄၁ မှု၊ ယာဉ်မောင်း သပ်ရပ်စွာ ဝတ်ဆင်ခြင်းမရှိသည့် အမှု ၁,၂၅၂ မှု၊ မြို့ေတာ်အင်္ဂါရပ်နှင့် မညီသည့်အမှု နှစ်ဆယ်တို့ေတွ့ရှိခဲ့ ေြကာင်း သိရသည်။ ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here