ယခုနှစ်အတွင်း YBS ယာဉ်လိုင်းများထဲမှ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်း ၁၅ ဦးအထိ ထုတ်ပယ်ထား

728

ရန်ကုန်၊ သြဂုတ် ၁၃
ယခုနှစ်အတွင်း YBS ယာဉ်လိုင်း များထဲမှ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်း ၁၅ ဦးအထိ ထုတ်ပယ်ထားပြီး ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
YRTA မှ စည်းကမ်းသတ်မှတ်ချက် ၁၃၈ ချက်ဖြင့် YBS ယာဉ်လိုင်းများထဲမှ စည်းကမ်းမလိုက်နာသည့် ယာဉ်မောင်းများကို အရေးယူခဲ့ရာတွင် ယခုနှစ် သြ ဂုတ်လ ဒုတိယပတ်အထိ ယာဉ် မောင်း ၁၅ ဦး ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လမှ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်အထိ ခရီးသည်များမှ တိုင်ကြား သည့်အမှု ၄,၆ဝဝ ကျော် ရှိခဲ့ပြီး တိုင်ကြားခံရသည့် ယာဉ်မောင်းများ ထဲမှ ပြစ်မှုကြီးမားသော ယာဉ် မောင်းများကို ယာဉ်လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူခဲ့ခြင်းဖြစ် သည်။
‘‘YBS စနစ်သစ် စတင်ခဲ့တဲ့ အချိန်ကစပြီး အများပြည်သူ တိုင် ကြားမှုတွေကို စည်းကမ်းထိန်းသိမ်း ရေးကော်မတီကနေ အရေးယူ ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့ပါ တယ်၊ ၂ဝ၁၇ ခုနှစ်မှာ တိုင်ကြားမှု အများဆုံးကတော့ ယာဉ်စီးခ ပိုတောင်းခံတာတွေ ဖြစ်ပါတယ်၊ ဒီနှစ်ထဲမှာလည်း တိုင်ကြားမှုအများဆုံးက ယာဉ်စီးခ ပိုတောင်းတဲ့အမှု တွေဖြစ်ပါတယ်၊ ဒါတွေ လျော့နည်းသွားဖို့ ကတ်နဲ့ ငွေပေးချေတဲ့စနစ် ကျင့်သုံးနိုင်အောင် စီစဉ်နေပါ တယ်’’ဟု YRTA မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
YBS စနစ် စတင်သည့် အချိန်မှ ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလကုန် အထိ ခရီးသည်များမှ တိုင်ကြားမှု ၃,၃၄၂ မှုရှိခဲ့ပြီး တိုင်ကြားမှုအများ ဆုံးတွင် ယာဉ်စီးခ ပိုတောင်းခြင်း ၁,၁၄၉ မှု၊ မှတ်တိုင်မရပ်သည့်အမှု ၆၅ဝ၊ မချေမငံဆက်ဆံမှု ၆ဝ၇ မှု နှင့် အခြားအမှုပေါင်း ၉၃၆ မှုရှိခဲ့ သည်။ ယခုနှစ်တွင်လည်း တိုင် ကြားမှု ၁,၂၆၂ မှုရှိခဲ့ရာ ယာဉ်စီးခ ပိုမိုတောင်းခံမှု ၃၄၄ မှု၊ အရှိန်ပြင်း မောင်းနှင်မှု ၂၅၉ မှု၊ မချေမငံ ဆက်ဆံမှု ၂၄ဝ နှင့် အခြား အမှုပေါင်း ၄၁၉ မှုတို့ ရှိခဲ့ကြောင်း သိရသည်။

ဆန်းသစ်အောင်၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here