ယခုနှစ်အတွင်း YBS ယာဉ်များအားလုံး၌ YPS ကတ်စနစ်အသုံးပြုခွင့်ရရှိရန် ဆောင်ရွက်မည်

151

 

ရန်ကုန်၊ ဇန်နဝါရီ
ယခုနှစ်အတွင်း YBS ယာဉ်များ အားလုံးတွင် YPS ကတ်ဖြင့် ယာဉ်စီးခပေးချေခြင်းစနစ်ကို အသုံးပြုခွင့်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရ သည်။

YBS ယာဉ်များအားလုံးတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင် ရန်အတွက် လစဉ်ယာဉ်အစီးသုံးရာစီ ထပ်တိုးပြီး YPS ကတ်အသုံးပြု ခွင့်ရရှိရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ယာဉ်စီးခ ပုံသေသတ်မှတ်ထားသည့် ယာဉ်လိုင်းများကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး ခရီးစဉ်ပိုင်း ဖြတ်ကောက်ခံသည့် ယာဉ်လိုင်းများကို ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်အကုန်မှာ YBS ကားတွေအကုန်လုံးမှာ ကတ်သုံးပြီး စီးလို့ရအောင် လုပ်နေပါတယ်၊ အခု ယာဉ်စီးခပုံသေ သတ်မှတ်ထားတဲ့ လိုင်းတွေကို အရင်လုပ်နေပါတယ်၊ အဲ့ဒီလိုင်းတွေက ကတ်တစ်ခါပဲ ဖြတ်ပြီးစီးရတဲ့အတွက် ခရီးသည်တွေအတွက်လည်း အဆင်ပြေတယ်၊ အဲဒီလိုင်းတွေပြီးရင် Distance Pay လိုင်းတွေအတွက် YRTA အကူအညီနဲ့ အမြန်အသုံးပြုနိုင်အောင် ဆောင်ရွက်မှာပါ၊ ဒီနှစ်ကုန်ပိုင်းမှာ YBS ယာဉ်အားလုံး မှာ ကတ်နဲ့စီးလို့ရအောင် ဆောင် ရွက်နေပါတယ်”ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် YBS ယာဉ် ၁,၆၀ဝ ကျော်၌ YPS ကတ်အသုံးပြုခွင့်ရထားပြီဖြစ်သလို ပြည်သူများ YPS ကတ်အသုံးပြုမှုများလာအောင် Lucky Draw အစီအစဉ်များ ပြုလုပ်ပေးနေကြောင်း သိရသည်။ Lucky Draw အစီအစဉ် ကို ဖေဖော်ဝါရီ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုများထဲမှ SAMSUNG Smart Watch တစ်လုံး၊ ငွေဖြည့်ကတ်ငါးသောင်း နှစ်ဆုနှင့် အခြားဆုသေးများသာ ပေါက်မဲထွက်ရှိထားပြီး iPhone 12 (128GB)တစ်လုံး၊ SAMSUNG Smart Watch နှစ်လုံးနှင့် ငွေဖြည့် ငါးသောင်းဆုမဲများအပြင် အခြား ဆုများစွာ ကျန်ရှိနေသေးကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here