ယခုနှစ်အတွင်း   တတိယအများဆုံးပေးလျော်မှုအဖြစ်   မော်တော်ယာဉ်အလုံးစုံအာမခံအတွက်လျော်ကြေးငွေ ကျပ်သန်းပေါင်း  ၂၈ဝ   ပေးအပ်

834

ယခုနှစ်အတွင်း မော်တော် ယာဉ်အလုံးစုံအာမခံအတွက် လျော် ကြေးငွေ ကျပ်သန်းပေါင်း ၂၈ဝ ပေးအပ်ခဲ့ပြီး တတိယမြောက်လျော် ကြေးအများဆုံးပေးရသည့် အာမခံဖြစ်လာကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

 

ယခုနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှ အာမခံလုပ်ငန်း ၁၂ ခုအတွက် လျော်ကြေးငွေကျပ် သန်းနှစ်ထောင်ကျော် ပေးချေခဲ့သည်။ လျော်ကြေးအများဆုံးအဖြစ် မီးအာမခံမှ တောင်းခံမှု ၄၃ ခု အတွက် ကျပ် ၁,၂၉၃ သန်းကျော် ပေးချေခဲ့ပြီး ရေကြောင်းကုန်ပစ္စည်း အာမခံမှတောင်းခံမှု ၁၈ ခုအတွက် လျော်ကြေးငွေ ကျပ် ၄၉၄ သန်း ကျော် ပေးအပ်ခဲ့သည်။ ထို့ပြင် တတိယအများဆုံးအဖြစ် မော်တော်ယာဉ်အလုံးစုံအာမခံမှ တောင်းခံမှု ၂၁၆ ခုအတွက် လျော်ကြေးငွေ ကျပ် ၂၈၃ သန်းကျော် ပေးချေခဲ့ရကြောင်း သိရသည်။

 

”ပြီးခဲ့တဲ့နှစ်က အလုံးစုံမော်တော်ယာဉ် အာမခံအတွက် လျော်ကြေးငွေ ၅၃၄ သန်းကျော် ပေးချေခဲ့ပါတယ်၊ ဒီနှစ်ထဲမှာ အာမခံအမျိုးအစား ၁၂ ခုမှာ တတိယအများဆုံးအဖြစ်နဲ့ မော်တော်ယာဉ်အလုံးစုံ အာမခံအတွက် ကျပ်သန်း ၂၈ဝ ကျော် ပေးချေထားခဲ့ပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် လက်ရှိတွင် အထူးခရီးသွားအာမခံအတွက် လျော်ကြေးငွေ ကျပ် ၁၁ သန်းပေးချေခဲ့ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here