ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ နံပါတ်တစ် ဇိမ်ခံကားအမှတ်တံဆိပ် BMW ဖြစ်လာမည်

936

တရုတ်နိုင်ငံတွင် နိုဝင်ဘာလအတွင်း ရောင်းချနိုင်ခဲ့သည့် BMW အမှတ်တံဆိပ်ကား အစီးရေ စုစုပေါင်းမှာ ၅၅,၂၉၃ စီးရှိခဲ့ရာ ယမန်နှစ် နိုဝင်ဘာလ ရောင်းအားထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သဖြင့် ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ နံပါတ်တစ် ဇိမ်ခံကားအမှတ်တံဆိပ်ဖြစ်လာတော့မည်ဟု Automotive News China  ကားသတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

BMW ကဲ့သို့ပင် နိုဝင်ဘာလ၌ Audi မှ ရောင်းချနိုင်ခဲ့သည့် ကားအစီးရေမှာ ၅၆,၂ဝ၈ စီးရှိခဲ့ပြီး ရောင်းအား ၆ ဒသမ ၅ ရာခိုင်နှုန်း၊ Mercedes-Benz မှ ရောင်းချနိုင်ခဲ့သည့် ကားအစီးရေမှာ ၅ဝ,၈၁၃ စီးရှိခဲ့ပြီး ရောင်းအား ၂၂ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြသည်ဟု သိရသည်။ နိုဝင်ဘာလတွင် Audi အနေဖြင့် ၎င်း၏ ပြိုင်ဘက်များထက် အရေအတွက်အရ ပိုရောင်းခဲ့ရသော်လည်း ကားအရောင်း ကိုယ်စားလှယ်များ၏ ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် BMW နှင့် Mercedes တို့၏ရောင်းအားကို လိုက်မီနိုင်ရန် ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဆုံးရှုံးခဲ့ရသည့် ရောင်းအားပမာဏကို ပြန်လည်ရယူနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်သည်။ ယခုနှစ် ပထမ ၁၁ လတာ အတွက် BMW မှ ရောင်းချနိုင်ခဲ့သည့် ကားအစီးရေ စုစုပေါင်းမှာ ၅၄၂,၃၆၂ စီးရှိခဲ့ပြီး ယခင်ရောင်းအားထက် ၁၅ ရာခိုင်နှုန်းတိုးတက် ခဲ့သည်။ ဗကိင မှ ရောင်းချနိုင် ခဲ့သည့် ကားအစီးရေမှာ ၅၂၈,၇ဝ၆ စီးရှိခဲ့ပြီး ယခင်ရောင်းအားထက် ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။ ယခင်က တရုတ်နိုင်ငံ၏နံပါတ်သုံး ဇိမ်ခံကား အမှတ်တံဆိပ်ဖြစ်ခဲ့သည့် Mercedes မှာမူ ရောင်းအား ၂၇ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အစီးရေစုစုပေါင်း ၅၃၉,၇၂၈ စီး ရောင်းထွက်ခဲ့သည်။

 

BMW အနေဖြင့် ရောင်းအားတိုးတက်စေရန်အတွက် ခြေလှမ်းအများအပြား ပြင်ဆင်လျက်ရှိပြီး လတ်တလောတွင်လည်း တရုတ်နိုင်ငံ၌ မီနီအမှတ်တံဆိပ်အတွက် ကားများဖက်စပ်ထုတ်လုပ်ရန် တရုတ်ကားကုမ္ပဏီ Great Wall နှင့် လိုအပ်သည့် ဆွေးနွေးညိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ယခုလအတွင်း၌လည်း တရုတ်နိုင်ငံ၊ ချန်ဒူမြို့တွင် BMW အမှတ်တံဆိပ် i3 မိုဒယ် လျှပ်စစ်ကားများ အသုံးပြုကာ ကားဝေမျှသုံးစွဲခြင်း အစီအစဉ်ကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

 

Ref: Automotive News China

LEAVE A REPLY

Please enter your comment!
Please enter your name here