မန္တလေး၊ မေ
၂ဝ၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိလေးလအတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၁၆ စီး စစ်ဆေးအရေးယူနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံးမှ တာဝန်ရှိ ယာဉ်ထိန်းအရာရှိတစ်ဦးကပြောသည်။
အဆိုပါ Without ကားများကို ဇန်နဝါရီလတွင်၂စီး၊ ဖေဖော်ဝါ ရီလ၌ ၄ စီး၊ မတ်လတွင် ၇ စီးနှင့် ဧပြီလတွင်၃စီးစစ်ဆေးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်မဲ့ယာဉ်အဖြစ် ၅ စီးနှင့် ယာဉ်ပိုင်ရှင် ပါသည့်ယာဉ် ၁၁ စီး ဖြစ်ကြောင်း သိရသည်။
လူပါသည့် လိုင်စင်မဲ့ယာဉ်ဖြစ်ပါက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်အရေးယူနိုင်ပြီး ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊သတ်မှတ်ချက်မရှိသည့် ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်အရေးယူနိုင်ပြီး ပိုင်ရှင်မဲ့ယာဉ်ဖြစ်ပါကကျင့်ထုံး ဥပဒေပုဒ်မ (၅၂၃)ဖြင့်သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ပြီးယာဉ်အား ပိုင်ရှင်မဲ့ပစ္စည်းအဖြစ်သိမ်းဆည်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
လက်ရှိ၌ မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ယာဉ်များအား သီးသန့်စစ်ဆေးအရေးယူနိုင်ခြင်း မရှိသေးဘဲ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးသည့်အချိန်၌ မသကင်ာ္ယာဉ်များကိုသာစစ်ဆေးပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ်(၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကြီးကံသိန်းက ပြောသည်။
မန္တလေးမြို့အတွင်း၌မူ ပူးပေါင်းစစ်များဖြင့် စစ်ဆေးခြင်းများ၊ရှောင်တခင်စစ်ဆေးခြင်းများနေ့စဉ် ဆောင်ရွက်လျက်ရှိသဖြင့် လိုင်စင်မဲ့ယာဉ် အသုံးပြုမှုနည်းကာ မန္တလေးမြို့ပေါ်ထက် နယ်ဒေသများတွင် လိုင်စင်မဲ့ယာဉ်အများဆုံး စစ်ဆေးအရေးယူနိုင်ခဲ့ကြောင်း ယာဉ်ထိန်းရုံးမှသိရသည်။
ပြည်ဘုန်းမောင်