ယခုနှစ်မူဝါဒဖြင့်  Consignment  နှင့်  တစ်ဦးချင်းတင်သွင်းခွင့်ပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာ  ၂၃   ရက်အထိ   ဆောင်ရွက်ပေးမည်

636

ယခုနှစ်မူဝါဒဖြင့် Consignment  နှင့် တစ်ဦးချင်းတင်သွင်းခွင့် ပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာ ၂၃ ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

၂ဝ၁၇ ခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက် ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပါ မစ်များကို ဒီဇင်ဘာ ၂၃ ရက်အထိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်သ လို ပါမစ်သက်တမ်းတိုးခြင်းကို လည်း ထိုရက်အထိ လက်ခံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

”ပြီးခဲ့တဲ့နှစ်က မူဝါဒ အပြောင်းအလဲကြောင့် လိုင်စင်ပါမစ်တွေကို မမှန်မကန် နည်းလမ်းနဲ့ လျှောက်ကြတဲ့အတွက် သတ်မှတ် ရက်ထက်စောပြီး ပိတ်ခဲ့တာပါ၊ ဒီ နှစ်မှာတော့ ဒီလို မမှန်မကန် လျှောက်ထားမှုတွေ မရှိနိုင်တော့တဲ့ အတွက်ကြောင့် ပုံမှန်ခွင့်ပြုနေကျအတိုင်း ဒီဇင်ဘာ ၂၃ ရက်အထိ လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ကားအရောင်းစင်တာ၊ ကားအရောင်းပြခန်းတွေက လျှောက်မယ့် Consignment  ပါမစ်နဲ့ တစ်ဦးချင်း ပါမစ်တွေကို ဒီဇင်ဘာ ၂၃ ရက်အထိ ပါမစ်လျှောက်ခွင့်ပြုသလို သက်တမ်းတိုးတာတွေကိုလည်း လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့်လက်ကျန်ကာလတွင် ဂျပန်ညာမောင်းများတင်သွင်းရန် ဆောင်ရွက်နေကြသော်လည်း စလစ်စျေးမြင့်တက်ခြင်းနှင့် တင်သွင်းရန် ကားရှားနေခြင်းအပြင် ဂျပန်လေလံစျေး မြင့်တက်နေခြင်းတို့ကြောင့် အမှန်တကယ်တင်သွင်းသူများသာ ပါမစ်လျှောက်ထားမည်ဖြစ်၍ ဒီဇင်ဘာ ၂၃ ရက်အထိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here