ယခုတစ်ပတ်တွင် 6P  နံပါတ်များ စတင်ထုတ်ပေးပြီး ထိုအက္ခရာထဲမှ  လေးလုံးအပူးနံပါတ်အားလုံး ရောင်းချထား

369

ရန်ကုန်၊ မတ်

မတ်လတတိယပတ်တွင် 6P  နံပါတ်များ စတင်ထုတ်ပေးနေပြီး ထိုအက္ခရာထဲမှ လေးလုံးအပူးနံပါတ်အားလုံး ရောင်းချထားပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

6P နံပါတ်များကို မတ် ၁၉ ရက်က စတင်ထုတ်ပေးခဲ့ပြီး 6P လေးလုံးအပူးနံပါတ်အားလုံးရောင်းချထားသလို 7P လေးလုံးအပူး နံပါတ် ၆ ခုထိ ကြိုတင်ရောင်းချထားကြောင်းသိရသည်။ 6P လေးလုံးအပူးနံပါတ်များဖြစ်သည့်  6P/1111 ကို ကျပ်သိန်း၃ဝ၊ 6P/2222 ကို ကျပ် ၁၆ သိန်း၊ 6P/3333 ကို ကျပ် ၃၄ သိန်း၊ 6P/4444 နှင့် 6P/5555 ကို ကျပ် ၃၂ သိန်း၊ 6P/6666 ကို ကျပ် သိန်း ၉ဝ၊ 6P/7777 ကို ကျပ် ၇၈ သိန်း၊ 6P/8888 နှင့် 6P/9999 ကို ကျပ် ၈၈ သိန်းဖြင့်ရောင်းချထားပြီး 9P/2222 ကို ကျပ် ၅၂ သိန်းနှင့် 9P/7777 ကို ကျပ် ၆၂ သိန်းဖြင့်ကြိုတင်ရောင်းချထားကြောင်း သိရသည်။

 

တစ်ပတ်အတွင်း ယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ်ရောင်းချမှုစာရင်းများအရ 5P/9444 ၊ 5P/8799 ၊ 5P/9495 ၊ 5P/8900 ၊ 5P/8990 ၊ 5P/9656 ၊ 5P/9499 5P/9585 ၊ 5P/9199 ၊ 5P/9939 ၊ 5P/9119 ၊ 5P/9989 ၊ 5P/9699 5P/9449 ၊ 5P/9700 ၊ 5P/9450 ၊ 5P/9969 ၊ 5P/9994 ၊ 5P/9959 ၊ 5P/9589 ၊ 5P/975၊ 5P/9528 ၊ 5P/9970 ၊ 5P/9911 ၊ 5P/9877 ၊ 5P/9972 ၊ 5P/9770 ၊ 5P/9566 ၊ 5P/9929 ၊ 5P/9945 ၊ 5P/9983 ၊ 5P/9938 ၊ 5P/9879 ၊ 5P/9981 နံပါတ်များကို ကျပ် ၅ သိန်းစီ၊ 5P/9922 ၊ 5P/9950 ၊ 6P/1998 ၊ 6P/1118 ၊ 6P/1777 ၊ 6P/1555 ၊ 6P/1988 6P/1166 နံပါတ်များ ကို ကျပ် ၆သိန်းစီ၊ 6P/1999 ၊ 6P/2727 ၊ 6P/2121 ၊ 6P/2888 နံပါတ်များကို ကျပ် ၇သိန်းစီ၊ 6P/3939 ၊ 6P/3838 နံပါတ်များ ကို ကျပ် ၈ သိန်းစီ၊ 6P/6363 ၊ 6P/5999  နံပါတ်များကို ကျပ် ၁၁ သိန်းစီ၊ 6P/6667 ၊ 6P/6066 နံပါတ်များကို ကျပ် ၁၂ သိန်းစီ၊ 6P/8388 ကို ကျပ် ၁၃ သိန်း၊ 7P/9988 ကို ကျပ် ၂၃ သိန်း၊ 9P/9909 ကို ကျပ် ၃၂ သိန်းဖြင့် ရောင်းချထားကြောင်း သိရသည်။

 

ထောက်ကြန့်ကနဦးမှတ်ပုံတင်ဌာန၏ ကနဦးမှတ်ပုံတင်နံပါတ်ထုတ်ပေးမှုအရ မတ် ၂ဝ ရက်တွင် 6P/1239 နှင့် HH/3665 သို့ ရောက်ရှိနေပြီး အဆိုပါနေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၃၈ ကျပ် ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here