မှန်ကိုယ်ထည်နဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ပထမဆုံးအမေရိကန်ကား 1939 Pontiac Deluxe Six Plexiglas Ghost Car

875

အမေရိကန်ပြည်ထောင်စုမှာ ဖန်တီးတည် ဆောက်ခဲ့တဲ့ကားတွေထဲမှာ ကိုယ်ထည်ကို မှန်နဲ့ ပထမဆုံးပြုလုပ်တဲ့ စံချိန်တင်ထား တာက 1939 Pontiac Deluxe Six Plexiglas Ghost Car ဖြစ်ပါတယ်။ General Motors ကားကုမ္ပဏီနဲ့ Rohm & Haas ဓာတုဗေဒကုမ္ပဏီတို့ လက်တွဲပူး ပေါင်းပြီး ၁၉၃၉ -၁၉၄ဝ နယူးယော့ခ်ကမ္ဘာ့ ကုန်စည်ပြပွဲအတွက် 1939 Pontiac Deluxe Six Plexiglass Ghost Car ကို တည်ဆောက်ခဲ့ကြတာပါ။ တံခါးလေး ပေါက်ပါ Pontiac Touring Sedan ကို အခြေခံပြီး အတိအကျထပ်တူညီတဲ့ ကား ကိုယ်ထည်ကို Rohm & Haas က Plexiglas နဲ့ စတင်ဖန်တီးပါတယ်။ ၁၉၃၃ ခုနှစ်မှာ စပေါ်လာတဲ့ Plexiglas ဟာ ဆီလီကာအခြေခံတဲ့ မှန်အမျိုးအစားမဟုတ်ဘဲ Poly(Methyl Methacrylate) မှန်ဖြစ်ပြီး စစ်တပ်သုံးလေယာဉ်၊ ဆိုင်းဘုတ်၊ အချက် ပြမီး၊ ရထားနဲ့ကားတွေမှာ သုံးစွဲလေ့ရှိပါတယ်။ Plexiglas နဲ့ ကိုယ်ထည်ပိုင်းဖန် တီးပြီးတဲ့အခါ ကားတာယာအစရှိတဲ့ ရော် ဘာအစိတ်အပိုင်းတွေကို မှန်ကိုယ်ထည်နဲ့ လိုက်အောင် အဖြူရောင်နဲ့ပဲ ပုံဖော်တပ် ဆင်ထားခဲ့ပါတယ်။ တစ်စီးလုံးအပြည့် အတွင်းကို ထွင်းဖောက်မြင်နိုင်တဲ့ ၁၉၃၉ Pontiac Deluxe Six Plexiglas Ghost Car မှာ ဆလင်ဒါခြောက်လုံးထိုး L-head အင်ဂျင်၊ Coil Spring ရှေ့ဆိုင်းထိန်း၊ Live Rear Axle with Semi-elliptic Leaf Springs ၊ Four-wheel Hydraulic Dr-um Brakes နဲ့ Three-speed Manual ဂီယာစနစ်တို့ကို အသုံးပြုထားပါတယ်။

Ghost Car လို့ အမည်ပြောင်ရခဲ့တဲ့ 1939 Pontiac Deluxe Six ဟာ ၁၉၃၉ -၁၉၄ဝ နယူးယော့ခ် ကမ္ဘာ့ကုန်စည်ပြပွဲ အပြီး သက်ဆိုင်ရာ ကားအရောင်းပြခန်း တွေမှာ လှည့်လည်ပြသခဲ့သလို ၁၉၄၇ ခုနှစ်အထိ Smithsonian Institution မှာ ရှိနေခဲ့ပါတယ်။ ယာဉ် သက်သေခံနံပါတ် မပါသလို ပုံမှန်လမ်းပေါ် မောင်းလို့ရတဲ့ ကားမျိုး မဟုတ်တာကြောင့် 1939 Pontiac Deluxe Six Plexiglas Ghost Car ဟာ ပြပွဲ တွေမှာလိုက်ပြရင်း အချိန်ကုန်ခဲ့ပြီး ၁၉၇၉ ခုနှစ်ရောက်မှ ကားစုဆောင်းသူ Leo Gephart ရဲ့ ဝယ်ယူခြင်း ခံခဲ့ရပါတယ်။ 1939 Pontiac Deluxe Six Plexiglas Ghost Car ကို ဖန်တီး စဉ်က အမေရိကန်ဒေါ် လာ နှစ်သောင်းခွဲကုန်ကျခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လမှာ ပြန်ရောင်းတော့ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် ရခဲ့ပါ တယ်။ စတင်ထုတ်လုပ်ကတည်းက ခရီး မိုင် စုစုပေါင်း ၈၆ မိုင်သာ မောင်းထားတဲ့ 1939 Pontiac Deluxe Six Plexiglas Ghost Car ကို ပြန်ရောင်းတဲ့အခါ ကိုယ် ထည်ပေါ်မှာ အစင်းရာ၊ အခြစ်ရာတချို့ ရှိ တာကလွဲရင် မူလအတိုင်း ကြည်လင်ပြတ် သားမှုရှိနေသေးသလို စက်ပိုင်းဆိုင်ရာမှာ လည်း ဆီပိုက်လိုင်းတွေကိုသာ လဲလှယ် ထားရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here