‘မှတ်ပုံမတင်ရသေးတဲ့ Custom Duty ဆောင်ပြီးသား Brand New ကားတွေအတွက် လျှော့လိုက်တဲ့ ၁ဝ ရာခိုင်နှုန်းကို Refund ပြန်ပေးသင့်ပါတယ်’

173

 

Automotive Association of Myanmar အသင်းဥက္က႒ ဦးအောင်ဝင်းနှင့် တွေ့ဆုံခြင်း

လတ်တလောဖြေလျှော့ပေးလိုက်တဲ့ အခွန်နှုန်းထားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကားစျေးကွက်အခြေအနေ၊ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲနဲ့ မြန်မာနိုင်ငံရဲ့ Automotive Industry ဖွံ့ဖြိုးတိုးတက်ဖို့ ဌာနဆိုင်ရာတွေရဲ့ မူဝါဒထုတ်ပြန်ချက်တွေက ဘယ်လောက်အထိ ထိရောက်ပံ့ပိုးမှု ရှိ၊ မရှိ စတဲ့အချက်တွေနဲ့ပတ်သက်ပြီး Automotive Association of Myanmar အသင်းဥက္က႒ ဦးအောင်ဝင်းနဲ့ တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။

Automobile: အခွန်နှုန်းထားတွေ လျှော့ချပေးတဲ့အတွက် ကားစျေးကွက်အပေါ် သက်ရောက်နိုင်မယ့်အခြေအနေကို သုံးသပ်ပေးပါ . . .
UAungWin: Custom Duty ၁ဝ ရာခိုင်နှုန်းလျှော့ပေးတဲ့အတွက်ကြောင့် ကားစျေးကွက်အပေါ်မှာ သက်ရောက်မှုရှိ၊မရှိကို အပိုင်းခွဲပြောရမှာ ဖြစ်ပါတယ်။ အာဆီယံဒေသတွင်းက ထုတ်တ့ဲကားတွေက နဂိုကတည်းက Custom Duty နည်းတဲ့အတွက်ကြောင့် သက်ရောက်မှုမရှိပါဘူး။ အာဆီယံပြင်ပကနေသွင်းတဲ့ ကားတွေကျတော့ ၁ဝ ရာခိုင်နှုန်းသက်သာသွားလို့ ဝယ်တဲ့သူလည်း ၁ဝ ရာ ခိုင်နှုန်း သက်သာသွားတာပေါ့။ ကားစျေးကွက်ကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုရင် လတ်တလောမှာ Covid-19 ဖြစ်တဲ့ Effect ကြောင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ထိခိုက်မှုရှိသလို ကားလောကအပေါ်လည်း သက်ရောက်မှုရှိပါတယ်။ ကားဆိုတာကလည်း ဝင်ငွေရှိမှ ဝယ်စီးကြတာဖြစ်ပါတယ်။ Custom Duty လျှော့ ပေးတာတော့ ကောင်းပါတယ်။ ဝယ်တဲ့သူအနေနဲ့ကတော့ သက်သာပြီး ပိုဝယ်လာနိုင်မယ်လို့တော့ ယူဆပါတယ်။ ဒါပေမဲ့ လတ်တလောချက်ချင်းကြီးတော့ စျေးကွက် အပြောင်းအလဲ မဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကား အရောင်းအဝယ်လုပ်တ့ဲသူတွေရဲ့ လက်ထဲမှာ Stock တွေ ဝယ်ထားပြီးသား ကားတွေက အများကြီး ကျန်ပါသေးတယ်။ လတ်တလောမှာ ၁ဝ ရာခိုင်နှုန်းစလုံး လျှော့ရောင်းဖို့ကတော့ နည်းနည်းခက်ပါတယ်။ လက် ရှိမှာ အလုပ်လုပ်ရကိုင်ရလွယ်အောင် နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွန်မှုနဲ့ ဝန်ကြီးဌာနတွေက ဆောင်ရွက်နေကြတာဖြစ်ပေမဲ့ ခဏခဏ ပြောင်းလဲတဲ့ လုပ်ငန်းစဉ်တွေက လုပ်ငန်းရှင်တွေကို အများကြီး အခက်အခဲ ဖြစ်စေတယ်။ အခု Custom Duty လျှော့ တာလည်း ဒီအတိုင်းပါပဲ။ ကားလုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာ အများပြည်သူကို မရောင်းချရသေးတဲ့ Custom Duty ဆောင်ထားပြီးသားကားတွေ အများကြီး ရှိပါတယ်။ ဒါတွေက ရောင်းဖို့အတွက် တရားဝင် အခွန်ဆောင်ထားပြီးသားတွေ ဖြစ်တယ်။ အခွန်ဆောင်ထားပြီးသား မရောင်းရသေးတဲ့ကားတွေရှိ၊မရှိကိုလည်းCustom က သိသင့်ပါတယ်။ ဒီကားတွေအတွက် လျှော့လိုက်တဲ့ ၁ဝ ရာခိုင်နှုန်းကို Refund ပြန်ပေးသင့်တယ်။ ဒါမှလည်း လုပ်ငန်းရှင်တွေ အဆင်ပြေမှာပါ။ ၁ဝ ရာခိုင်နှုန်းဆိုတဲ့အရာက ကားတစ်စီးရောင်းရင်တောင် ၁ဝ ရာခိုင်နှုန်းအမြတ်ရဖို့ လွယ်ကူတာ မဟုတ်ပါဘူး။ အခုဆိုရင်လည်း Showroom တော်တော်များများက အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။ လက်ထဲမှာတင် မရောင်းရ သေးဘဲ ၁ဝ ရာခိုင်နှုန်းရှုံးမယ်ဆိုရင် နိုင်ငံတော်ကတော့ ပြည်သူလူထုတွေ သက်သာအောင် လျှော့ပေးလိုက် တယ်ဆိုပေမဲ့ ကားရောင်းတဲ့သူတွေ လက်ထဲမှာက ဆောင်ထားပြီးသားကားတွေ တော်တော်များများကျန်နေကြတော့ စျေးချရောင်းဖို့ကလည်း ခက်တယ်။ မရောင်းလို့ကလည်း မရတဲ့အခြေအနေဆိုတော့ အဆုံး အရှုံးက ကြီးတယ်။ လက်ကျန်များတဲ့သူ ပိုရံှုးမယ်၊ နည်းတဲ့သူက နည်းနည်းပဲ ရှုံးမယ်။ ကားဝယ်မယ့်သူဘက်က ကြည့်ရင်လည်း အစိုးရကဖြစ်စေချင်တဲ့အတိုင်း ချက်ချင်း အကျိုးခံစားခွင့်ကို မရဘူး။ ကညနမှတ်ပုံတင် ခကတော့ လျှော့ပေးလိုက်တာ ကောင်းပါတယ်။ ဝင်ငွေ ခွန်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ၆ ရာခိုင်နှုန်းသတ် မှတ်မလား မသေချာသေးတဲ့အတွက် ခန့်မှန်းရခက်ပါ တယ်။

Automobile: AAM အသင်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရည်ရွယ်ချက် ကို ပြောပြပေးပါ . . .
UAungWin: Automotive Association of Myanmar ကတော့ ကားလုပ်ငန်းရှင်အသင်းဖြစ်ပြီး ထုတ်လုပ်သူရော တင်သွင်းရောင်းချတဲ့သူတွေရော ပြန်ပြီးရောင်းချပေးတဲ့ Dealer ရော အကုန်လုံးပါတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ဖြစ်ပါတယ်။ အသင်းရဲ့ ရည်ရွယ်ချက်က တော့ မြန်မာနိုင်ငံမှာ Automotive Industry ကို နည်း လမ်းမှန်နဲ့ ဖွံ့ဖြိုးတိုးတက်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လူဦးရေသန်း နှစ်ဆယ်ရှိတဲ့ နိုင်ငံတိုင်း Automotive Industry ကို တည်ထောင်ကြပါတယ်။ Automotive Industry ဆိုတာ ကိုယ့်နိုင်ငံမှာကို စျေးကွက်ရှိတဲ့အတွက်ကြောင့် ကားထုတ်လုပ်နိုင်အောင် ကြိုးစားတဲ့နေရာမှာ အနှစ် နှစ်ဆယ်နောက်ပိုင်း ကားတွေထုတ်လုပ်ပြီးတဲ့အထိ ပြုပြင် ထိန်းသိမ်းဖို့အတွက် Parts တွေ လိုအပ်ပါတယ်။ Parts တွေ လိုအပ်တဲ့အတွက်ကြောင့် Parts Industries ပါ တည်ဆောက်ပြီး ထုတ်လုပ်နိုင်ပြီဆိုရင်တော့ ပြုပြင်ထိန်းသိမ်းတာ လွယ်သွားပါပြီ။ ဖွဲ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ရောင်းဝယ်ဖောက်ကားတဲ့ ဘဏ်လုပ်ငန်းတွေ၊Insurance လုပ်ငန်းတွေ၊Dealer Network တွေ၊ Financing တွေ အများကြီးပါလာပါတယ်။ ပြီးရင် Marketing နဲ့ ပတ်သက်တဲ့ Activity တွေ၊ Motor Show တွေ ပါလာပါတယ်။ ဒီ Industry တစ်ခုလုံး ကို နည်းလမ်းမှန်နဲ့ တိုးတက်ဖို့အတွက်ဆိုတာ ကျွန်တော်တို့အသင်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက် နံပါတ်တစ် ဖြစ်ပါတယ်။ မလေးရှားဆိုရင် လူဦးရေသန်းနှစ်ဆယ် ဝန်းကျင်နဲ့ ကိုယ်တိုင်ကားထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်နိုင်ငံမှာ စျေးကွက်ရှိလို့ ဖြစ်ပါ တယ်။ စျေးကွက်မရှိတဲ့ စင်ကာပူလိုနိုင်ငံမျိုးကျတော့ ကားထုတ်လုပ်ဖို့ကိုမသွားဘဲ လူဦးရေ လေး၊ ငါးသန်းပဲ ရှိတဲ့အတွက် တင်သွင်းရောင်းချတဲ့စနစ် မှန် ကန်ဖို့၊ ရောက်လာတဲ့ ကားတွေကို ထိန်းသိမ်းနိုင်ဖို့၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းအောင် လုပ် နိုင်ဖို့တွေအတွက် သူတို့လည်း ထိန်းကျောင်းရပါတယ်။ မြန်မာနိုင်ငံကျတော့ လူဦးရေ သန်းငါးဆယ်ရှိတဲ့အတွက်ကြောင့် Industry တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့ ဆောင် ရွက်တဲ့နေရာမှာ အစိုးရနဲ့ပူးပေါင်းပြီး ဆောင်ရွက်ရပါတယ်။ ထုတ်ပြန်ထားတဲ့ Auto Policy ဆိုတာ ကျွန်တော် တို့အသင်းက အဖွဲ့ဝင်တော်တော်များများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ထားတဲ့ အင်အားတွေလည်း ပါပါတယ်။ နိုင်ငံအတွင်းမှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေးအချက်ဟာ ကျွန်တော်တို့အသင်းရဲ့လုပ်ဆောင် ချက်ထဲမှာလည်း ပါဝင်ပါတယ်။ တိုင်းပြည်အတွင်းမှာ Import Policy ထုတ်လုပ်တာလည်း ထုတ်လုပ်တဲ့ ပေါ်လစီ မှန်ကန်ဖို့ လိုတယ်။ အဲဒီလိုပဲ တင်သွင်းတဲ့ ပေါ်လစီတွေလည်း မှန်ကန်ဖို့ လိုတယ်။ အဲဒီလိုမှန်ကန်ဖို့အ တွက် အစိုးရအဖွဲ့ကို တောက်လျှောက်အကြံပေးဆောင် ရွက်နေတာ ရှိပါတယ်။

Automobile: ဝန်ထမ်းပါမစ်ခွင့်ပြုရင် Car Industry အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်ပါမလဲ . . .
UAungWin: စျေးကွက်လိုအပ်ချက်က နှစ်သောင်းကျော်သာရှိပေမဲ့ ပါမစ်တွေကို သိန်းဂဏန်းထုတ်ပေးလိုက်ရင် ဝန်ထမ်း တွေဟာ အဲဒီပါမစ်တွေအပေါ်မှာ အကျိုးခံစားခွင့်ရရှိမှာ မဟုတ်ပါဘူး။ ဝန်ထမ်းပါမစ်ကို စျေးကွက်လိုအပ်ချက် အတိုင်း ထုတ်ပေးမယ်ဆိုရင် အခွန်သက်သာခွင့်က သိန်းတစ်ရာရှိတယ်ဆိုရင် ပြန်ရောင်းရင် သိန်းရှစ်ဆယ် လောက်ပဲ ရနိုင်ပါတယ်။ စျေးကွက်မှာ လိုတာက နှစ် သောင်းခွဲသာ လိုအပ်ပေမဲ့ ပါမစ်က သိန်းဂဏန်းလောက် ထွက်လာခဲ့ရင် စျေးကွက်ထဲမှာ Over Supply ဖြစ်ပြီး စေတနာနဲ့လုပ်ပေးတာ စေတနာမဖြစ်ဘဲ တစ်ဖက်မှာ မြွေပါလည်းဆုံး သားလည်းဆုံးဆိုတဲ့စကားပုံလို ဖြစ် သွားမယ်။ ဒီမှာရင်းနှီးမြှုပ်နှံနေတဲ့ SKD တွေလည်း ပြန်ထွက်သွားနိုင်ပါတယ်။

Automobile: မြန်မာနိုင်ငံရဲ့ Automotive Industry ဖွံ့ဖြိုးတိုး တက်ဖို့ ဘယ်အပေါ်မူတည်ပါသလဲ . . .
UAungWin: Car Industry ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးဆုံးက နိုင် ငံရဲ့ GDP လို့ခေါ်တဲ့ တစ်နိုင်ငံလုံး စီးပွားရေးကောင်းမှ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက လူဦးရေ သန်းခုနစ်ဆယ်ကျော်ရှိတဲ့အတွက် ကားအရောင်းက ထိုင်းနိုင်ငံမှာ တစ်နှစ်ကို နှစ်သန်းထုတ်ပြီး ရှစ်သိန်း လောက် မှတ်ပုံတင်ပါတယ်။ ကျန်တဲ့ တစ်သန်းကျော် ကတော့ Export အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အားလုံးပေါင်းမှ ကားအစီးတစ်သန်းသာရှိပေမဲ့ တစ် နှစ်ကို Used Car အပါအဝင် သုံးသောင်းလောက်ပဲ မှတ်ပုံတင်ပါတယ်။ Car Industry ဖွံ့ဖြိုးတယ်ဆိုတာ တိုင်းပြည်စီးပွားရေးအပေါ် အများကြီး မူတည်ပါတယ်။ တိုင်းပြည်စီးပွားရေးကောင်းမှ တစ်ဦးချင်းဝင်ငွေကောင်း မယ်။ တစ်ဦးချင်းဝင်ငွေကောင်းမှ ကားဝယ်ယူမှုပိုများလာပြီး Car Industry လည်း ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here