မှတ်ပုံတင်ဖျက်သိမ်းခဲ့သည့် ဖောက်စွပ်ကားများအပြင် ထပ်မံတွေ့ရှိသော ကားများကိုလည်း အပ်နှံခွင့်ပေးမည်

299

ရန်ကုန်၊ နိုဝင်ဘာ
မှတ်ပုံတင် ဖျက်သိမ်းခဲ့သည့် ဖောက်စွပ်ကားများအပြင် ထပ်မံ တွေ့ရှိသော ကားများကိုလည်း အပ်နှံခွင့်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂ဝ၁၅ မော်တော်ယာဉ်ဥပဒေအရ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ကားများကို စစ်ဆေးတွေ့ရှိပါက မှတ်ပုံတင်ဖျက်သိမ်းပြီး သက်ဆိုင် ရာရဲစခန်းများထံ အပ်နှံစေခိုင်းခဲ့ သည်။ ထိုသို့ ဖောက်စွပ်ကားများ စစ်ဆေးတွေ့ရှိပါက မှတ်ပုံတင် ဖျက်သိမ်းခဲ့ရာတွင် မသိလိုက်ဘဲ ဝယ်ယူမိခဲ့သည့် ယာဉ်ပိုင်ရှင်များ အတွက် နစ်နာဆုံးရံှုးမှုများ ရှိခဲ့ သောကြောင့် ကုန်းလမ်းပို့ဆောင် ရေးညွန်ကြားမှုဦးစီးဌာနမှ အောက် တိုဘာ ၁ ရက်မှစ၍ ထိုကားများကို ယာဉ်အို/ယာဉ်ဟောင်း အပ်နှံပြီး အစားထိုးယာဉ်တင်သွင်းခွင့် ပေး သည့်ပုံစံအတိုင်း ပုံစံ-ဃ စလစ် ထုတ်ပေးခဲ့သည်။

“မှတ်ပုံတင် ဖျက်သိမ်းပြီး သိမ်းဆည်းခဲ့တဲ့ ဖောက်စွပ်ကား တွေအတွက်ပဲ စလစ်ထုတ်ပေးတာ မဟုတ်ပါဘူး၊ ထပ်မံစစ်ဆေးတွေ့ရှိ တဲ့ ဖောက်စွပ်ကားတွေကိုလည်း ပုံစံ-ဃ စလစ် ထုတ်ပေးနေပါ တယ်၊ ဖောက်စွပ်ကားတွေကို မှတ်ပုံတင်ဖျက်သိမ်းပြီး စလစ် ထုတ်ပေးပြီး နောက်ပိုင်းမှာ စစ် ဆေးတွေ့ရှိတဲ့ ကားအရေအတွက် က အရင်ထက် ပိုများပါတယ်၊ ဒီ လို ဖြေလျှော့ပေးခဲ့တာကလည်း ကြံ့ခိုင်မှုမရှိတဲ့ ကားတွေနဲ့ ကား ဟောင်းတွေနေရာမှာ ကားအသစ် တွေ ဝင်လာစေဖို့ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖောက်စွပ်ကားလက်ဝယ်ပိုင် ဆိုင်ထားသည့် ယာဉ်ပိုင်ရှင်များအ နေဖြင့်လည်း သက်ဆိုင်ရာကညန ရုံးများတွင် ယာဉ်စစ်ဆေးမှုခံယူပြီး မှတ်ပုံတင်ဖျက်သိမ်းကာ အစားထိုး ယာဉ် တင်သွင်းခွင့်စလစ် ထုတ်ယူ နိုင်ကြောင်း သိရသည်။
ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here