မြို့နယ် ၁၂ မြို့နယ်ရှိ ဘတ်စ်မှတ်တိုင် ၆၅၉ ခုကို နိုင်ငံတကာအဆင့်မီ မှတ်တိုင်များအဖြစ် ဆောင်ရွက်မည်

369

ရန်ကုန်၊ သြဂုတ်

မြို့နယ် ၁၂ မြို့နယ်ရှိ ဘတ်စ်မှတ် တိုင် ၆၅၉ ခုကို နိုင်ငံတကာအ ဆင့်မီ မှတ်တိုင်များအဖြစ် ဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူသယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အ တွင်းရှိ လှိုင်သာယာ၊ ရွေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မြောက်ဥက္က လာပမြို့နယ်များမှ ဘတ်စ်မှတ်တိုင် ၂၅ဝ ကို Ganad ကုမ္ပဏီမှ တာ ဝန်ယူကာ တည်ဆောက်မည် ဖြစ် သည်။ ထို့ပြင် အခြားကုမ္ပဏီတစ် ခုဖြစ်သည့် Zenith ကုမ္ပဏီမှ တင်ဒါ အောင်မြင်ထားပြီးဖြစ်၍ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ တောင်ဒဂုံ၊ မြောက် ဒဂုံမြို့နယ်များရှိ ဘတ်စ်မှတ်တိုင် ၄ဝ၉ ခုကို အဆင့်မြှင့်တင်ရန် လုပ် ငန်းများ စတင်နေပြီ ဖြစ်သည်။

‘‘မှတ်တိုင်အဟောင်းတွေက အရိပ်ခိုရုံလောက်ပဲဖြစ်ပြီး ထိုင် ခုံတွေမရှိတော့လို့ ထိုင်ပြီးနားဖို့ တောင် အခက်အခဲရှိခဲ့ပါတယ်၊ ဒါကြောင့် မှတ်တိုင်တွေကို နိုင်ငံ တကာအဆင့်အတန်းမီ ဆောင် ရွက်နိုင်ဖို့ FMI Decaux ၊ Ganad ၊ Zenith စတဲ့ ကုမ္ပဏီသုံးခုကို တင်ဒါစနစ်နဲ့ ရွေးချယ်ခဲ့ပါတယ်၊ ကုမ္ပဏီသုံးခုက မှတ်တိုင် တစ်ထောင်ကျော်ကို အဆင့်မြှင့်တင်မှာဖြစ်ပြီး ကျန်ရှိနေတဲ့ ဘတ်စ် မှတ်တိုင်တွေကို YCDC က တာဝန်ယူ တည်ဆောက်သွားမှာ ဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် YBS ခရီးသည်တင်ယာဉ် လမ်းကြောင်းများ တစ်လျှောက်၌ မှတ်တိုင်အရေအတွက် ၁,၈၅ဝ ရှိ ပြီး လက်ရှိတွင် တင်ဒါအောင် မြင်ထားသည့် FMI Decaux ကုမ္ပဏီမှ Downtown မြို့နယ် ခြောက် မြို့နယ် အပါအဝင် ကမာ ရွတ်၊ လှိုင်၊ မရမ်းကုန်း၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာ၊ သင်္ဃန်း ကျွန်း စသည့်မြို့နယ်များအတွင်းရှိ မှတ်တိုင် ငါးရာကို အဆင့်မြှင့် တင်မည်ဖြစ်ကြောင်းနှင့် မှတ်တိုင် ၂၇ဝ အထိ အဆင့်မြှင့်တင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here