မြို့တွင်းခရီးသွား ပြန်လည်များပြားလာခြင်းနှင့် ညမထွက်ရသတ်မှတ်အချိန် လျှော့ချလိုက်သည့်အတွက် ကုန်သေတ္တာတင်ယာဉ်များ နေ့အချိန် ဖြတ်သန်းသွားလာခွင့် ပြုထားခြင်းကို ပြန်လည်စိစစ်မည်

125

 

ရန်ကုန်၊ ဇွန် ၁၅
ရန်ကုန်မြို့တွင်း ခရီးသွားပြန်လည် များပြားလာခြင်းနှင့် ညမထွက်ရ အချိန်သတ်မှတ်ချက် လျှော့ချ လိုက်သည့်အတွက် ကုန်သေတ္တာ တင်ယာဉ်များ နေ့အချိန် ဖြတ် သန်း သွားလာနေခြင်းများကို ပြန် လည်စိစစ်မည်ဖြစ်ကြောင်း သိရ သည်။

Covid-19 ကူးစက်ရောဂါ ကြောင့် ယခင်လများက ရန်ကုန် မြို့တွင်း ခရီးသွားလာမှု နည်းပါး နေခြင်းနှင့် ည ၁ဝ နာရီနောက်ပိုင်း မထွက်ရအမိန့် ထုတ်ပြန်လိုက် ခြင်းတို့ကြောင့် ကုန်သေတ္တာတင် ယာဉ်များကို နံနက် ၇ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းသွား လာခွင့် ပြုထားခြင်း ဖြစ်သည်။လတ်တလောတွင် ရန်ကုန်အတွင်း ခရီးသွားလာမှု ပြန်လည်များပြား လာသောကြောင့် ယာဉ်ကြောကျပ် တည်းခြင်းနှင့်ပတ်သက်၍ ပြန် လည်စစ်ဆေးခြင်းများ ပြုလုပ်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

“အရင်က ညမထွက်ရအမိန့် လည်းရှိတယ်၊ နေ့ဘက် ခရီးသွား တွေကလည်း နည်းနေတာကြောင့် သွားခွင့်ပြုထားတာပါ၊ အခုက ညမထွက်ရအချိန်က ၁၂ နာရီ အ ထိ တိုးထားတာနဲ့ ခရီးသွားတွေ ပြန်များလာတာကြောင့် ယာဉ် ကြော ကျပ်တည်းမှု အခြေအနေနဲ့ ပတ်သက်ပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက စစ်ဆေး လေ့လာတာတွေ လုပ်နေ ပါတယ်၊ ဒီအပေါ် မူတည်ပြီး တာ ဝန်ရှိသူတွေက ဘယ်လိုဆုံးဖြတ် မလဲဆိုတာတော့ မသိသေးပါဘူး၊ လက်ရှိအချိန်မှာ စိစစ်တာတွေ လုပ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာနယ်နိမိတ်အတွင်း၌ ယာဉ် ကြောကျပ်တည်းခြင်းကို ဖြေလျှော့ နိုင်ရန်အတွက် ၂ဝ၁၆ ခုနှစ်၊ ဒီဇင် ဘာ ၇ ရက်မှစပြီး ကိုးတန်နှင့် အထက် ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ည ၈ နာရီ မှ နံနက် ၆ နာရီအထိသာ ပြေးဆွဲ ခွင့်ပြုထားခြင်းဖြစ်သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here