မြန်မာပြည်အနှံ့ ရေပန်းစားလာတဲ့ HAOJUE 100 T-6

1109

ဟိုးအရင်က တရုတ် Auto ဆိုင်ကယ်ဆိုရင် ဒီဇိုင်းလှတာကလွဲလို့ အရည်အသွေးနိမ့်ကြောင်း ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အခု Haojue Auto (ခေါ်) HJ 100 T-6 ဆိုင်ကယ်ဟာ ကလေး၊ တောင်ငူ၊ မင်းဘူး စတဲ့ မြို့အသီးသီးနဲ့ မြန်မာပြည်အနှံ့မှာစတင်ရေပန်းစားလာပါတယ်။ သူ့ရဲ့ သေးငယ်ကျစ်လျစ် ပြီး လှပမှု၊ အင်ဂျင်အရည်အသွေးကောင်းမွန်မှု၊ ဆီစားနှုန်း သက်သာမှုနဲ့ စျေးနှုန်းသက်သာမှု စတာတွေကြောင့် ဒီတစ်ပတ် ဆိုင်ကယ်ရေပန်းစားကဏကနေ မိတ်ဆက်ဖော်ပြပေးချင်ပါတယ်။
အများက Haojue Auto လို့ တင်စားခေါ်ဝေါ်ကြတဲ့ Haojue 100 T-6 ဆိုင်ကယ်ကို အင်ဂျင်ပါဝါ 100 CC နဲ့ ထုတ်လုပ်ထားသလို အင်ဂျင် နဲ့ ဖရိမ်ကိုတွဲထားတဲ့ အင်ဂျင်ရှော့အက်ဇောဘား ပါတာကြောင့် Highway မောင်းတဲ့အချိန် လမ်းကြမ်းတွေမှာ ဆိုင်ကယ်မောင်းနှင်သူကို သက် သာစေမှာပါ။ ဆီတိုင်ကီက ဆီတစ်ဂါလန်ခွဲဆံ့သလို ဆီတိုင်ကီအဖုံးကို လည်း ဖိုင်ဘာအဖုံးနဲ့ ပြုလုပ်ထားတာကြောင့် ဆီပေါက်အပိတ်/အဖွင့်လုပ် တဲ့အခါ မီးဘေးအန္တရာယ် ကင်းဝေးစေမှာဖြစ်ပြီး Turbo ပါဝင်တာကြောင့် လည်း Highway မောင်းတဲ့အချိန်မှာ အင်ဂျင်အေးအောင် အထောက်အပံ့ ပေးစေမှာပါ။
ထူးခြားတာက လေစက်ရဲ့ လေအဝင်/အထွက်ပေါက်ဟာ တခြား Auto ဆိုင်ကယ်တွေလို အင်ဂျင်အောက်မှာမဟုတ်ဘဲ ဖင်ထိုင်ခုံအောက်မှာ ထည့်သွင်းထားတာကြောင့် ဖုန်ဝင်မှု လျော့နည်းစေမှာဖြစ်ပြီး ကြာရှည်အသုံးခံစေမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ ရှေ့/နောက်တာယာကို တာ ယာအလုံး မဟုတ်ဘဲ တာယာအပြားနဲ့ ထုတ်လုပ်ပေးထားတာကြောင့် မိုးရွာသွန်းတဲ့အချိန်မျိုးမှာ စလစ်ဖြစ်မှုနည်းပါးစေမှာဖြစ်သလို Tubeless နဲ့ ထုတ်လုပ်ထားတာကလည်း ဘီးပေါက်မှုအကြိမ်ရေ များစွာသက်သာ စေမှာ ဖြစ်ပါတယ်။
ဒါ့ပြင် အင်ဂျင်ကို အဆင့်မြင့် CVT နည်းပညာနဲ့ပြုလုပ်ထားသလို အိပ်ဇောအတွင်းမှာလည်း ကျောက်ဆစ်ဆန်ခါပါရှိတာကြောင့် လေထုညစ် ညမ်းမှုကို အထူးသက်သာစေမှာဖြစ်ပြီး စက်သံဆူညံမှု ငြိမ့်ညောင်းမှုရှိ အောင် နည်းပညာနဲ့ အထူးပြုလုပ်ထားတယ်လို့ Haojue ကုမ္ပဏီကနေ သိရပါတယ်။
အထူးခြားဆုံးကတော့ Haojue ဆိုင်ကယ်ဟာ တရုတ်ပြည်မကြီးမှာ နံပါတ်တစ် ရောင်းအားအကောင်းဆုံးအဖြစ် ၁၅ နှစ်ဆက်တိုက် ဆုရရှိ ထားပါတယ်။ အင်ဂျင်ကို ၂ နှစ်အာမခံနဲ့ ဆေးသားတွေဟာလည်း ဂျပန် ကြွေဆေးသုံးပြီး ဆေးမှုတ်ထားတာကြောင့် ဆေးရောင်ဟာ မိုးရွာရွာ နေပူပူ ငါးနှစ်၊ ခြောက်နှစ်အထိ တာရှည်ခံစေမှာလည်း ဖြစ်ပါတယ်။
နောက်တစ်ချက်က မီးပိုင်းအဝင်အတွက် အရည်အသွေးမီတဲ့ ဘက်ထရီ အသုံးပြုထားသလို ခွေကိုလည်း စပုတ်မဟုတ်ဘဲ သတ္တုအလွိုင်း အသုံးပြုထားတာကြောင့် သံကြေး(ဂျီး) တက်စေမှာ မဟုတ်ပါဘူး။
အရောင်ကိုတော့ အနီ၊ အနက်၊ အပြာ စတဲ့ အရောင်တွေနဲ့ ထုတ်လုပ်ပေးထားပြီး Tool Box ကျယ်ဝန်းမှု၊ ကိုယ်ထည်ပေါ့ပါးမှု၊ ဦးထုပ်ချိတ် ပါရှိမှု၊ ရှေ့လက်ကိုင်နဲ့ ဖင်ထိုင်ခုံကျယ်ဝန်းပြီး Smart ကျမှုတွေကလည်း အားသာချက် ဖြစ်ပါတယ်။
Haojue Auto ခေါ် Haojue 100 T-6 ဆိုင်ကယ်ကို လက်ရှိ မန္တလေးမြို့မှလွဲပြီး မြန်မာပြည်အနှံ့မှာ စီးနင်းသူ များလာသလို နယ်မြို့ တွေမှာတော့ တစ်စီးကို ကျပ် ၁၂ သိန်းကျော်နဲ့ ရောင်းချပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here