မြန်မာပြည်ရောက် Brand New လမ်းညွှန်

1424

အခုတစ်ပတ်မှာတော့ GAC Motor Myanmar ကနေ ဒီဇင်ဘာ ၁ ရက်က စျေးကွက်ကိုစတင်မိတ်ဆက်လိုက်တဲ့  Flagship Luxury Sedan ကားအမျိုးအစား GA8 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ GAC Motor Myanmar က 2017 Latest ကားမိုဒယ်အဖြစ်  GA8 ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး  Customer တွေအနေနဲ့ နောက်ဆုံးပေါ် နည်းပညာမြင့် ဇိမ်ခံဆီဒန်ကားကို တန်ဖိုးထက်ပိုတဲ့ စွမ်းဆောင်ရည်တွေ  ခံစားရရှိစေမှာပါလို့ ဆိုထားပါတယ်။

 

အပြင်ပိုင်း အပြင်အဆင်

ကိုယ်ထည်ကို အလေးချိန်ပေါ့ပါးအောင်နဲ့ ကြံ့ခိုင်အောင် ထုဆစ်ပုံဖော်ထားပါတယ်။ ရှေ့မျက်နှာစာမှာ ခရိုမီယမ်တန်း ငါးခုနဲ့ ပုံဖော်ထားတဲ့ Flying Dynamic Grille ကို အသုံးပြုထားပြီး ရှေ့ပါးခြမ်းမှာ G-shaped Metal Logo Trimming နဲ့ ဒီဇိုင်းဖော်ကျူးထားပါတယ်။ ရှေ့မီးခွက်က LED မီးတွေက ကိုယ်ထည်နဲ့ တစ်သားတည်း မြုပ်ဝင်နေတဲ့ဒီဇိုင်း ဖြစ်တာကြောင့် ရုပ်ထွက်ကို တစ်မူထူးခြားလှပသွားစေပါတယ်။ နောက်မီးခွက် တွေကိုလည်း G-shaped LED ပေါင်းစပ်မီးတွေအနေနဲ့ ပုံဖော်ထားတာ တွေ့ရပါတယ်။

 

အတွင်းပိုင်း အပြင်အဆင်

အတွင်းခန်းကျယ်ဝန်းခြင်းနဲ့ Luxury ဖြစ်ခြင်းက စီးနင်းသူတွေ ကို စိတ်ကျေနပ်မှုအပြည့် ပေးစွမ်းနိုင်ပါတယ်။ အတွင်းခန်း တံခါးပေါင်တွေကို အဆင့်မြင့်သားရေတွေ ဖုံးအုပ်ထားတဲ့ Leather Covering Door Trim တွေအနေနဲ့ ဖန်တီးပေးထားပါတယ်။ ထိုင်ခုံတွေမှာ Nappa Leather တွေ အသုံးပြုထားပြီး ထိုင်ခုံ ခေါင်းမှီကို သုံးထောင့်ချိုး လိပ်ပြာသဏ္ဌာန် ပြုလုပ်ပေးထားတဲ့အတွက် သက်သောင့်သက်သာ စီးနင်းနိုင်မှာဖြစ်ပါတယ်။ အတွင်းခန်း အအေးပေးစနစ်ကိုလည်း Multi-Functional Temperature Control Lounge အနေနဲ့ ပြုလုပ်ပေးထားတာကြောင့် တစ်ဦးချင်းအလိုက် စိတ်ကြိုက်အပူချိန်ကို ချိန်ညိလို့ရမှာဖြစ်ပါတယ်။ တခြား Luxury Option တွေအနေနဲ့ Panoramic Sunroof နဲ့ ၁ဝ လက်မ Touch Screen Disply တွေ တပ်ဆင်ပေးထားပါသေးတယ်။

 

အင်ဂျင်အမျိုးအစား

GA8 မှာ 2.0 L Turbocharged ဓာတ်ဆီအင်ဂျင် အသုံးပြုထားပြီး အမေရိကန် ကားစက်ပစ္စည်းကုမ္ပဏီ Borg Warner က ထုတ်လုပ်ပေးထားပါတယ်။ E-Turbo Technology အသုံးပြုထားတာကြောင့် မြင်းကောင်ရေ နှစ်ရာနဲ့ တွန်းအား ၃၂ဝ နယူတန်မီတာ ထုတ်လုပ်ပေးနိုင်ပါတယ်။ ပျမ်းမျှဆီစားနှုန်းက ကီလိုမီတာတစ်ရာကို ၇ ဒသမ ၈ လီတာခန့်ရှိပါတယ်။ ဂီယာစနစ်က ဂျပန် Aisin ကုမ္ပဏီရဲ့နည်းပညာကို အသုံးပြုထားတဲ့ 6-speed Auto Transmission ဖြစ်ပါတယ်။

 

လုံခြုံရေးစနစ်

လုံခြုံရေးအပိုင်းမှာ Autonomous Emergency Braking(AEB) ၊ Lane Departure Warning  (LDW) ၊ Forward Collision Warning (FCW) ၊ ၃၆ဝ ဒီဂရီ Panoramic Parking Image System ၊ အသက် ကယ်လေအိတ် ရှစ်လုံးနဲ့ တခြားအဆင့်မြင့် လုံခြုံရေးစနစ်တွေနဲ့ စီနင်းသူ တွေကို အပြည့်အဝ ကာကွယ်ပေးထားပါတယ်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

GAC GA8 ရဲ့ စျေးနှုန်းက အမေရိကန်ဒေါ်လာ ၆၄,၈၈၈ ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ဝယ်ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၅၂,၈၈၈ နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ GAC ကားတွေကို ထုတ်လုပ်သူအာမခံ ငါးနှစ်(သို့) ကီလိုမီတာ တစ်သိန်း၊ Free Maintenance Service သုံးနှစ်(သို့) ကီလိုမီတာခြောက်သောင်း ဝန်ဆောင်မှုတွေနဲ့ရောင်းချပေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here